တမူးး – ကလေးလမ်း ခရီးသည်တင်ကားတိမ်းမှောက်လို့ လူ ၅ ဦးသေ ၊ ၆ ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၂ -၂၀၂၁
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကံအောင်ကျေးရွာအနီး ဆားတောချောင်းကွေ့ အဆင်းမှာ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ကလေးခရိုင်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

” တိမ်းမှောက်တဲ့ကားက Toyota Dyna နံပါတ်အနီရောင်ကားဖြစ်တယ် ၊ အဲ့ဒီကားပေါ်မှာ ခရီးသည် ၁၁ ယောက်လိုက်ပါလာတယ် ၊ ဆားတောချောင်းအဆင်း အကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတာဖြစ်တယ်၊ လူ ၅ ဦးက အခင်းဖြစ်နေရာမှာတင် သေဆုံးသွားပြီး ကျန် ၆ ယောက်က ပြင်းထန်ဒဏ်ရာတွေရကြတယ်” လို့ ကလေးမြို့နယ်ရဲတပ်ဖွဲ့ရုံးက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ယာဥ်တိမ်းမှောက်ရာမှာ သေဆုံးသူ လူ ၅ ဦးဟာ အမျိုးသား ၄ ဦးနဲ့ အသက် ၃၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးဖြစ်ပါတယ်။

ဒါ့အပြင် ဒဏ်ရာရ လူ ၆ ဦးထဲကလည်း ၂ ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ် ။

အဲ့ဒီ ဒဏ်ရာရ သေဆုံးသူတွေကို စော်ဘွားရေရှင် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေက ကလေးပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်။

ခရီးသည်တွေ သေဆုံး၊ ဒဏ်ရာရအောင် ကားကို မဆင်မခြင် မောင်းနှင်ခဲ့တာနဲ့ ပတ်သက်လို့ ကလေးမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Photo – စော်ဘွားရေရှင် အုပ်ချုပ်ရေးအဖွဲ့
#voiceofmyanmar #VOM #ကလေးမြို့နယ် #ယာဥ်တိမ်းမှောက် #လူ၅ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW