ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြန်လည်လွတ်မြောက်

ဖေဖော်ဝါရီ ၂ -၂၀၂၁
နေနန်းနွယ်(VOM)

ရှမ်းပြည်နယ်မှာ တပ်မတော်ကနေ ထိန်းသိမ်းထားတဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ဟာ ဒီကနေ့မနက် ၁၁ နာရီခန့်က‌ နေအိမ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

မနေ့ဖေဖာ်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းကလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနဲ့ ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။

အခုလက်ရှိ တောင်ကြီးမြို့ပေါ်မှာတော့ အခြေအနေတည်ငြိမ်နေပြီး ပုံမှန်လည်ပတ်နေတာကိုလည်း တွေ့ရပါတယ်။

တပ်မတော်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မနက်ပိုင်းက အရေးပေါ်အခြေ‌အနေကြေညာပြီး နိုင်ငံတော်အာဏာလွှဲပြောင်းယူကာ တစ်နှစ်ယာယီအာဏာသိမ်းကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေ၊ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေကို ထိန်းသိမ်းခဲ့တာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရှမ်းပြည်နယ် #ဝန်ကြီးချုပ် #ဒေါက်တာလင်းထွဋ်

Related posts

Leave a Comment

VOM News

FREE
VIEW