နေပြည်တော်-ဖေဖေါ်ဝါရီ ၂-၂၀၂၁
တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ကနေ ဝန်ကြီးအသစ်တွေခန့်ထားနေတာမှာ လစ်လပ်နေတဲ့ ဝန်ကြီးနေရာတွေကို ဆက်ပြီးရွေးချယ်နေတယ်လို့ တပ်မတော်အသိုင်းအဝိုင်းက သိရပါတယ်။ မကြာခင်မှာ လစ်လပ်နေတဲ့ ဝန်ကြီးနေရာနဲ့ ဒုဝန်ကြီးနေရာတွေ ကြေငြာလာနိုင်ပါတယ်။ အနီးစပ်ဆုံးသိရတာကတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကျွမ်းကျင်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေဖြစ်ပြီး အရပ်သားအများစုဖြစ်နိုင်ကြောင်းသိရပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကနေ ထိမ်းသိမ်းထားတဲ့ ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေကို မကြာခင်အိမ်ပြန်ပို့နိုင်ဖွယ်ရှိပြီး နေအိမ်ကနေ ဘယ်မှထွက်ခွါခွင့်ပြုမှာမဟုတ်တဲ့အကြောင်းနဲ့ နေပြည်တော် စည်ပင်ရိပ်သာ၂မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း သူတို့နေရပ်ရင်းတွေကို ပြန်ပို့ပြီး နေအိမ်မှာဘဲနေရနိုင်တယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်ကနေ ကြားသိရပါတယ်။
#voiceofmyanmar #VOM #နေပြည်တော်သတင်း