မုံရွာမြို့မရဲစခန်းက ရဲအရာရှိတွေ ကိုဗစ် ၁၉ ရောဂါပို့တွေ့လို့ ဆေးကုသမှုခံယူနေရ

ဖေဖော်ဝါရီ ၃ -၂၀၂၁
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတွေထဲက ရဲအရာရှိ ၄ ဦးနဲ့ မြို့နယ်ရဲတပ်ဖွဲ့ရုံးက ရဲမေ ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရပြီး ဆေးကုသမှုခံနေရတယ်လို့ သိရပါတယ်။

” အလုပ်သင် ရဲအရာရှိ ၄ ယောက်က နယ်ပြောင်းတာဝန်ကျလို့ ကျန်းမာရေးစစ်ဆေးတဲ့အခါ ၃ ယောက်က ပိုးတွေ့တယ် ၊ သူတို့နဲ့ ထိစပ် ရဲအရာရှိ ၁ ယောက်က ဒီကနေ့ ပိုးထပ်တွေ့တယ် ၊ မြို့နယ်ရုံးက အနံပျောက် ရဲမေ ၁ ယောက်က မနေ့က ပိုးတွေ့တာဖြစ်တယ်”လို့ မုံရွာမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဒု-ရဲအုပ် အလုပ်သင် ရဲအရာရှိ ၄ ယောက်ဟာ မုံရွာမြို့မရဲစခန်းမှာ အလုပ်သင်ကာလ ၁ နှစ်ပြည့်မြောက်တာကြောင့် ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ထဲက လုံခြုံရေး ရဲတပ်ရင်း-၂၂ ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးစစ်ဆေးလိုက်ချိန် ရဲအရာရှိ ၃ ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ထိစပ် ရဲဝန်ထမ်းတွေကို ဒီကနေ့မနက်ပိုင်းမှာ ကျန်းမာရေးစစ်ဆေးချက်ပြုလုပ်တဲ့အခါ နောက်ထပ် ရဲအရာရှိ ၁ ဦး ကိုဗစ်ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် မုံရွာမြို့မရဲစခန်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဖို့အတွက် အရေးပေါ် လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို လုပ်ဆောင်နေပြီဖြစ်တယ်လို့ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့်က ပြောပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ရဲတပ်ဖွဲ့၅ဦး #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW