ရွေးကောက်ပွဲပြန်လုပ်ဖို့ လိုအပ်တဲ့ သန်းခေါင်စာရင်းတွေ မှန်ကန်အောင်ဆောင်ရွက်သွားမယ်ဆိုတဲ့ အနေအထားနဲ့ နေပြည်တော်အခြေအနေ

နေပြည်တော်-ဖေဖော်ဝါရီ ၃-၂၀၂၁

ဦးထွန်း(VOM)

 

ရွေးကောက်ပွဲပြန်လုပ်ဖို့ လိုအပ်တဲ့ သန်းခေါင်စာရင်းတွေ မှန်ကန်အောင်ဆောင်ရွက်သွားမယ်လို့ မနေ့ ဖေဖော်ဝါရီ ၂ရက်ကလုပ်တဲ့ ပထမအကြိမ် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ အာဏာသိမ်းစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

 

ဗုဒ္ဓဘာသာဘုရားစေတီတွေအပါအဝင် အခြားဘာသာရေးဆိုင်ရာအဆောက်အဦးတွေမှာ ဘုရားပူဇော်ခွင့်၊ဘုရားဝတ်ပြုခွင့်တွေကို covid 19 စည်းကမ်းတွေနဲ့ အညီဖွင့်လှစ်နိုင်ရေး၊ ပြည်တွင်းခရီးသွားလုပ်ငန်းတွေနဲ့ ဟိုတယ်တွေကိုလည်း covid 19 စည်းမျဥ်း၊ စည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံတကာဆက်ဆံရေးကိစ္စတွေ၊ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေးတွေကိုလည်း ထည့်ပြောခဲ့ပါတယ်။

 

ဖေဖော်ဝါရီ ၁ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းပြီးနောက် ပြည်ထောင်စုဝန်ကြီးတွေကို ရာထူးကနေ အနားပေးခဲ့ပြီးဝန်ကြီးအသစ်တွေ ခန့်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥက္ကဌအဖြစ်တာဝန်ယူပြီး အဖွဲ့ဝင် ၁၀ဦးနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

 

လတ်တလောနေပြည်တော်မှာတော့ အခြေအနေတည်ငြိမ်လျက်ရှိပြီး သမ္မတဦးဝင်းမြင့်ကို အိမ်တော်ကနေ ဖယ်ရှားမယ်ဆိုတဲ့သတင်းထွက်ပေါ်နေသလို၊  ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ် ၃၃ မြနန်းဘုံသာလမ်းတွေမှာတော့ တပ်မတော်က လုံခြုံရေးယူထားတာကိုတွေ့ရပေမယ့်

ဖြတ်သန်းသွားလာလို့ရပါတယ်။  ဝန်ကြီးအိမ်ရာ၊ လွှတ်တော်ဝန်းကျင်သွားမယ်ဆိုရင်လည်း စစ်ဆေးမှုမရှိတော့ပဲ သွားလို့လာလို့ရနေပြီလို့ နေပြည်တော်သတင်းထောက် ဦးထွန်းက သတင်းပေးပို့ထားပါတယ်။

 

#VoiceofMyanmar #VOM #ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး #စီမံအုပ်ချုပ်ရေးကောင်စီ

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW