မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုမအောင်မြင်အောင် လုပ်ဆောင်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလအကြီးအကဲ တိုက်တွန်း

နယူးယောက်၊ ဖေဖော်ဝါရီ ၄ -၂၀၂၁
မျိုးဆက် (VOM)

မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှု မအောင်မြင်စေရေးအတွက် လုပ်ဆောင်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လုပ်လိုက်တာဟာ လက်ခံနိုင်ဖွယ်မရှိကြောင်း အာဏာသိမ်ခေါင်းဆောင်တွေအနေနဲ့ ဒါဟာ တိုင်းပြည်အုပ်ချုပ်ဖို့နည်းလမ်းမဟုတ်တာကို နားလည်သဘောပေါက်ဖို့လိုတယ်လို့ သူကဆိုပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြေညာချက်တစ်စောင်ထုတ်ပြန်ဖို့ ဆွေးနွေးနေပေမယ့် အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချတဲ့ ဘယ်လိုအသုံးအနှုန်းမျိုးကိုမဆို တရုတ်နိုင်ငံက ကန့်ကွက်သွားဖွယ်ရှိနေပါတယ်။

ဖွဲ့စည်းပုံအခြေခံဆိုင်ရာအမိန့်ကို မြန်မာနိုင်ငံမှာ ပြန်လည်တည်ဆောက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပြီး မြန်မာ့အရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ ညီညွှတ်ကြလိမ့်မယ်လို့မျှော်လင့်ကြောင်း သူကဆိုပါတယ်။

ဒီအာဏာသိမ်းမှုမအောင်မြင်ဖို့အတွက် မြန်မာနိုင်ငံကို လုံလောက်တဲ့ဖိအားတွေပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက အဓိကပါဝင်သူတွေကို စည်းရုံနိုင်အောင် အစွမ်းကုန်ကြိုးစားသွားမယ်လို့ ကုလအကြီးအကဲ ဂူတာရက်စ်ကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားစွဲဆိုမှုတွေပြုလုပ်ထားပါတယ်။

Ref: BBC
Photo: AFP
#voiceofmyanmar #VOM #နယူးယောက်

Related posts

Leave a Comment

VOM News

FREE
VIEW