ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာ

ထက်အောင်စိုင်း (VOM)

ရန်ကုန်-ဖေဖေါ်ဝါရီ-၁၂-၂၀၂၁

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ဟာ ဒီကနေ့ မနက် ၁၀ နာရီလောက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လွှတ်ငြိမ်းချမ်းသာ ပေးမှုနဲ့ အင်းစိန်ထောင်ကနေ ပြန်လည်လွှတ်မြောက်လာပါတယ်။

ဒေါက်တာအေးမောင်တို့ဟာ လက်ရှိ ရန်ကုန်မှာရှိနေသေးပြီး နောက် (၂) ရက်လောက်မှ စစ်တွေကို ရောက်ရှိမှာ ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်လတ်က ဆိုပါတယ်။

” လွှတ်လာပြီ။ ဒေါက်တာအေးမောင်ရော၊ စာရေးဆရာဝေဟင်အောင်လည်းလွှတ်တယ်။ ဒီနေ့တော့ ဒေါက်တာအေးမောင်မှာ မိသားစုဝင်တွေ ရန်ကုန်သွားဖို့ လုပ်နေတယ်။ စစ်တွေကို တော့နောက် ၂ ရက် ၃ ရက်လောက်မှပဲ ကျမယ်ထင်တယ်။” လို့ ဒေါက်တာအေးမောင်နဲ့ နီးစပ်တဲ့ လွှတ်တော်က်ိုယ်စားလှယ်ဟောင်း ဦးခင်မောင်လတ်က ဆိုပါတယ်။

ရသေ့တောင်မြို့မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ပြုလုပ်တဲ့ ရခိုင့်ဘုရင့်နိုင်ငံတော်အချုပ်အာဏာ ကျရှုံးခြင်း ဝမ်းနည်းဖွယ် အထိမ်းအမှတ်စာပေဟောပြောပွဲမှာ ဟောပြောခဲ့မှုကြောင့် ဒေါက်တာအေးမောင်နဲ့အတူ စာရေး ဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု၊နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မတွေနဲ့ စစ်တွေ ခရိုင်တရားရုံးက မတ်လ (၁၉)ရက်နေ့က ထောင်ဒဏ် နှစ်(၂၀)ချမှတ်ရန်အမိန့်ချခဲ့ပါတယ်။

Photo- Gar Gee

 

Related posts

Leave a Comment

VOM News

FREE
VIEW