မူဆယ်မြို့က ဆန္ဒထုတ်ဖော်ပွဲ လူဦးရေပိုများလာ

မူဆယ်-ဖေဖော်ဝါရီ၊ ၁၆၊ ၂၀၂၁ Violin Shayi(VOM) တရုတ်-မြန်မာ အဓိက နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဒေသခံ တိုင်းရင်းသားတွေနဲ့ ဌာနဆိုင်ရာ ပူးပေါင်းပါဝင်ပြီး လူဦးရေ တစ်သောင်းကျော် ဝန်းကျင် လမ်းလျှောက် ဆန္ဒထုတ်ဖော် ကြတယ်လို့ ဒေသခံ လူငယ်တွေက VOM ကို ပြောပါတယ်။ မူဆယ်မြို့နယ် မှ ကချင်၊ ကရင်၊ ရှမ်း၊ ဗမာ၊ တအာင်း တိုင်းရင်းသားများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ စစ်ရှောင်ပြည်သူများနှင့် အခြား ဒေသခံ ပြည်သူများပူးပေါင်းပါဝင်ပြီးမူဆယ်ဆေးရုံကြီးမှ မန့်ဝိန်း မြန်မာ – တရုတ်နယ်စပ် ဂိတ်ပေါက်ထိ၊ မန့်ဝိန်းဂိတ်ပေါက်မှ မူဆယ်ခရိုင်တရားရုံးအထိ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ပါဝင်ဦးဆောင်သူများက VOM ကိုပြောပါတယ်။ အရင်ရက်တွေကလည်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မြန်မာ – တရုတ် နယ်စပ်ဆိုင်ရာ…

Read More

CDM အောင်မြင်ရေး ဘားအံမှာ ဌာနဆိုင်ရာရုံးတွေရှေ့ ဆန္ဒထုတ်ဖော်

ဖေဖော်ဝါရီ ၁၆-၂၀၂၁ ခွန်ခမ့်သူ(VOM) ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဝန်ထမ်းတွေ CDM မှာ ပူးပေါင်းပါဝင်ဖို့ အင်အားသိန်းချီတဲ့ သပိတ်စစ်ကြောင်းဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက် မနက် ၉ နာရီက ဌာနဆိုင်ရာ ရုံးရှေ့တွေမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဲ့ဒီ သပိတ်စစ်ကြောင်းဟာ နာရီစင်စုရပ်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ စာတိုက်ရုံး၊ မြို့နယ်စုပေါင်းရုံး၊ မြို့နယ်စည်ပင်သာယာရုံးရှေ့တွေမှာ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။ လုံခြုံရေးယာဉ်တွေနဲ့အတူ ရဲတပ်ဖွဲ့၊ တပ်မတော်သား အင်အား ၁၀၀ နီးပါးလိုက်ပါလာတဲ့ ယာဉ်တန်းနဲ့ ဆန္ဒထုတ်ဖော်ရာလမ်းတလျှောက် လိုက်လံသတိပေးခဲ့တာတွေရှိပေမယ့် ဆန္ဒထုတ်ဖော်မှုကိုတော့ ရပ်နားခြင်းမရှိဘဲ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #ဘားအံ #ဆန္ဒပြပွဲ

Read More

တရုတ်သံရုံးရှေ့ကို မန္တလေးက တပ်ပေါင်းစုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့

ဖေဖော်ဝါရီ ၁၆ -၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က တပ်ပေါင်းစု သပိတ်စစ်ကြောင်းအဖွဲ့ဟာ ဒီကနေ့နေ့လယ်ပိုင်းက တရုတ်သံရုံးရှေ့ကို ချီတက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အဲ့ဒီသပိတ်တပ်ပေါင်းစုမှာ သံဃသမဂ္ဂအဖွဲ့နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အင်အား ရာနဲ့ချီပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #မန္တလေး #တပ်ပေါင်းစုသပိတ် #တရုတ်သံရုံး #ဆန္ဒပြ

Read More

ကလေးမြို့မှာ ဌာနဆိုင်ရာတွေပါဝင်တဲ့ ဆန္ဒပြပွဲ

ဖေဖော်ဝါရီ ၁၆ -၂၀၂၁ ဓါတ်ပုံ – သိမ်မွေ့ကဗျာ ဖေဖော်ဝါရီလ ၁၆ ရက် ဒီကနေ့မနက် ၉ နာရီခွဲကစပြီး စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှာ ဌာနဆိုင်ရာတွေပါဝင်တဲ့ ပြည်သူလူထု တစ်သောင်းကျော်က ဆန္ဒပြခဲ့ကြပါတယ်။ တစ်ရက်တည်း နှစ်ကြိမ်လှည့်လည်မှာဖြစ်ပြီး နေ့လည် ၂ နာရီမှာ ကလေးမြို့ အနောက်ဖက်ခြမ်း တာဟန်းဖက်တွင် ဒုတိယအကြိမ် လှည့်လည်ဆန္ဒပြသွားဦးမယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ကလေးမြို့

Read More

ညောင်လေးပင်‌ထွေအုပ်ဝန်ထမ်း ၉ဦးနဲ့ မိသားစုဝင် ၁ဦး ကိုဗစ်ပိုးတွေ့

ဖေဖော်ဝါရီ ၁၆-၂၀၂၁ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း ၉ ဦးနဲ့ သုံးနှစ်သမီး ၁ဦး မနေ့ဖေဖော်ဝါရီ ၁၅ ရက်နေ့က Covid-19 ရောဂါပိုး စစ်ဆေး‌တွေ့ရှိခဲ့တယ်လို့ အဲ့ဒီမြို့နယ်ရဲ့ အုပ်ချုပ်ရေးမှူးကနေ သိရပါတယ်။ ညောင်လေးပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်က “သုံးနှစ်သမီးလေးတစ်ယောက်ပါ ထည့်တွက်ရမယ်ဆိုတော့ စုစုပေါင်းဆယ်ဦးပိုးတွေ့တာပါ။ ဌာနနဲ့ဝန်ထမ်းအိမ်ရာကို လော့ဒေါင်းချထားပြီးပါပြီ” လို့ ပြောပါတယ်။ ဝန်ထမ်းအချို့ အနံ့မရတာကြောင့် ဌာနကရုံးဝန်ထမ်းတွေအပါအဝင် မိသားစုဝင် ၃၈ ဦးကို Test Kid နဲ့ စစ်ဆေးရာကနေ အခုလို ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ပိုးတွေ့လူနာတွေကို လတ်တလောမှာ ညောင်လေးပင်မြို့နယ်ဆေးရုံကြီးမှာ ပို့ဆောင်ကုသပေးနေပေမယ့် လူနာရဲ့စားသောက်ရေးကို မိသားစုဝင်တွေက တာဝန်ယူရမှာဖြစ်တယ်လို့ မြို့ခံပရဟိတအဖွဲ့တွေကနေ သိရပါတယ်။ ညောင်လေးပင်မြို့နယ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းအချို့၊ ဒေသခံပြည်သူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြီးခဲ့တဲ့ခုနှစ်ရက်လောက်က စတင်ပြီး အာဏာရှင်စနစ်ကိုအလိုမရှိကြောင်း…

Read More

CDM လှုပ်ရှားမှုမှာ ဆန္ဒထုတ်ဖော်တဲ့ မြောင်းမြမြို့က ကျောင်းအုပ်ဆရာ ၁ ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီး

မြောင်းမြ၊ ဖေဖော်ဝါရီ ၁၆ -၂၀၂၁ စပ်ခွန်သာ(VOM) ဧရာဝတီတိုင်း၊ မြောင်းမြမြို့က CDM လှုပ်ရှားမှုမှာ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ မြောင်းမြမြို့ ထောင်ကလို့ကျေးရွာစာသင်ကျောင်းက ကျောင်းအုပ်ဆရာကြီး ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ မြောင်းမြမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက CDM လှုပ်ရှားမှုဆန္ဒထုတ်ဖော်ပွဲပြုလုပ်တာကို ပါဝင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကျောင်းအုပ်တစ်ဦးကို ဆန္ဒထုတ်ဖော်မှုအပြီး အပြန်လမ်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးကာ အချုပ်ကားထဲထည့်ပြီး မြောင်းမြအကျဉ်းထောင်ကို တန်းခေါ်သွားတယ်လို့ သိရပါတယ်။ အဖမ်းခံရတဲ့ ထောင်ကလို့ကျေးရွာမှ ကျောင်းအုပ်ဟာ နေ့စဉ် CDM လှုပ်ရှားမှုဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်နေတာဖြစ်ပြီး ဖမ်းသွားတဲ့ ကျောင်းအုပ်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ပြည်သူအင်အား အများအပြားက မြောင်းမြ အကျဉ်းထောင်အနီးမှာ အော်ဟစ်တောင်းဆို ဆန္ဒထုတ်ဖော်ကြပါတယ်။ ”အပြစ်မရှိတဲ့ ပညာရေးဝန်ထမ်းကို ထောင်ထဲပို့တယ်၊ အပြစ်ရှိတဲ့ မုဒိမ်းသမားတွေကိုပြန်လွှတ်ပေးတယ်၊ ဒါကဘာလုပ်တာပါလဲ။ ဒီကနေ့လုပ်ရပ်ဟာ တော်တော်လေးလွန်ပါတယ်။ ဒါကြောင့် ချက်ချင်းပြန်လွှတ်ပေးဖို့တောင်းဆိုနေတာဖြစ်ပါတယ်။ သူတို့ကတော့…

Read More

သေဆုံးခြင်း ပါဖောင့်မန့်တွေနဲ့ လှည်တန်းမှာ ဆန္ဒပြ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၆၂၀၂၁ အေးချမ်းသူ(VOM) ကမာရွတ်မြို့နယ် လှည်တန်းလမ်းဆုံ ဂုံးတံတားအောက်မှာ ဒီနေ့မနက်ပိုင်းက ဒီမိုကရေစီအရေးလှုပ်ရှားသူ လူငယ်တွေဦးဆောင်ပြီး နစအကောင်စီက ထုတ်ပြန်တဲ့ အမိန့်တွေကို ကျေနပ်မှုမရှိကြောင်းပြတဲ့အနေနဲ့ သေဆုံးခြင်းပုံစံ ပါဖောင့်မန့်တွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ #voiceofmyanmar #VOM #လှည်းတန်း

Read More

မြစ်ကြီးနားက အာဏာသိမ်းမှုကန့်ကွက်ဆန္ဒပြပွဲ နဝမ‌နေ့

ဖေဖော်ဝါရီ ၁၆-၂၀၂၁ Voice Of Myanmar ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အာဏာသိမ်းမှုကန့်ကွက်ပွဲ ၉ ရက်မြောက်နေ့ကို ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ ဆန္ဒဖော်ထုတ်မှုမှာလည်း ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ လူငယ်တွေပါဝင်နေဆဲဖြစ်ပါတယ်။ သူတို့ကတော့ CDM လှုပ်ရှားမှုအရှိန်အဟုန်မြင့်ရေးအတွက် မြစ်ကြီးနာမြို့ အစိုးရဌာနဆိုင်ရာ စုပေါင်းရုံးရှေ့မှာ ခေတ္တထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ Join In CDM Be Our HEROS ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ခဲ့ကြတာကို တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #မြစ်ကြီးနား #ဆန္ဒပြပွဲ

Read More
VOM News

FREE
VIEW