မြန်မာ့အရေးအပေါ် အမေရိကန်နဲ့ ဗြိတိန် အမျိုးသားလုံခြုံရေးအကြံပေးတို့ ဆက်သွယ်ဆွေးနွေး

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၈-၂၀၂၁
မျိုးဆက် (VOM)

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ ဗြိတိန်အမျိုးသားလုံခြုံရေးအကြံပေး Stephen Lovegrove တို့ဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး တယ်လီဖုန်းဆက်သွယ်ဆေးနွေးခဲ့တယ်လို့ အိမ်ဖြူတော်ကို ကိုးကားပြီး Sputnik သတင်းဌာနက ဖော်ပြထားပါတယ်။

သူတို့ရဲ့ ဆွေးနွေးမှုတွေထဲမှာ တရုတ်၊ အီရန်နဲ့ဆက်နွယ်နေတဲ့ ပြသနာမျိုးတွေအပြင် မြန်မာနဲ့ အာဖဂန်အရေးတို့ကိုပါ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာ၊ အာဖဂန်နစ္စတန်၊ တရုတ်နဲ့ အီရန်အရေးတို့အပါအဝင် နိုင်ငံခြားရေးမူဝါဒ ဦးစားပေးကိစ္စတွေမှာ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားဖို့ သူတို့နှစ်ဦးက သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းမှုပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် ထိပ်တန်းနိုင်ငံရေးသမားတွေကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

လက်ရှိမှာတော့ နိုင်ငံတကာထိပ်သီးဆွေးနွေးပွဲတစ်ခုအဖြစ် ဗြိတိန်က ဥက္ကဌနေရာယူထားတဲ့ ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲကို ယခုသီတင်းပတ်နှောင်းပိုင်းမှာ အွန်လိုင်းကနေ ကျင်းပဖို့ရှိနေပြီး ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်တို့ တက်ရောက်မှာဖြစ်ပါတယ်။

Ref: Sputnik
#voiceofmyanmar #VOM #မြန်မာ့အရေး

Related posts

Leave a Comment

VOM News

FREE
VIEW