ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဆန္ဒပြ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၈၊၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်ရှိ ကျောက်တံတားမြို့နယ်မှာ ဒီနေ့နေ့လယ်က စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ တိုင်းရင်သားပေါင်းစုံလူငယ်တွေက ဆူးလေကုန်းကျော်တံတားကနေ သမ္မတရုပ်ရှင်ရုံကိုပတ်ပြီး ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ချီတက်ရာလမ်းတစ်လျှောက်မှာ တိုင်းရင်သားလူငယ်တွေက “အမေစုနှင့်ခေါင်းဆောင်များအမြန်ဆုံးလွှတ်ပေးရေး ဒို့အရေး အာဏာရှင်စနစ်အလိုမရှိ ပြည်သူ့အာဏာ ပြည်သူပြန်ပေး မတရားမှုမှန်သမျှ ဆန့်ကျင်ကြ ” တို့ကြွေးကြော်ခဲ့ကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ကချင်၊ ကယား၊ကရင်၊ချင်း၊မွန်၊ရခိုင်၊ရှမ်းနဲ့အခြားမျိုးနွယ်စုတွေလည်း ပါဝင်ခဲ့ကြပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW