CDM အောင်မြင်ရေး ပခုက္ကူမှာ ဌာနဆိုင်ရာရုံးတွေရှေ့ ဆန္ဒထုတ်ဖော်

ဖေဖော်ဝါရီ ၁၈-၂၀၂၁
နေလင်းဖြူ(VOM)

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဝန်ထမ်းတွေ CDM မှာ ပူးပေါင်းပါဝင်ဖို့ အင်အားသိန်းချီတဲ့ သပိတ်စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက် မနက် ၉ နာရီက ဌာနဆိုင်ရာ ရုံးရှေ့တွေမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကျောင်းသားသမဂ္ဂစစ်ကြောင်းနဲ့ နိုင်ငံရေးတက်ကြွသူပြည်သူများဝန်ထမ်းသပိတ်စစ်ကြောင်းဟာ ပခုက္ကူတက္ကသိုလ်ရှေ့ကနေ မြိုင်လမ်းအတိုင်း ချီတက်ပြီး အခွန်ဥဦးစီးဌာန၊ လဝကရုံး၊ စာတိုက်ရုံး၊ မြို့နယ်စုပေါင်းရုံးတွေရှေ့မှာ စစ်အာဏာရှင်အလိုမရှိကြောင်းကြွေးကြော်သံတွေနဲ့ CDMမှာပါဝင်ဖို့ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါအပြင် သံဃာတော်တွေနဲ့ ပညာရေးဝန်ထမ်းတွေ၊ သဘင်အနုပညာရှင်တွေ၊ နိုင်ငံရေးတက်ကြွသူတွေပါဝင်တဲ့ သပိတ်စစ်ကြောင်းကလည်း နာရီစင်ကနေ ဗိုလ်ချုပ်လမ်း၊ တပ်မလမ်း၊ မြို့မလမ်း၊ သီဟိုဠ်ရှင်ဘုရားကြီးအထိ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

#VoiceOfMyanmar #VOM #ပခုက္ကူ #ဆန္ဒပြပွဲ

CDM အောင်မြင်ရေး ပခုက္ကူမှာ ဌာနဆိုင်ရာရုံးတွေရှေ့ ဆန္ဒထုတ်ဖော်

Related posts

Leave a Comment

VOM News

FREE
VIEW