မိုးထဲရေထဲလည်း ဇွဲမလျှော့တဲ့ လားရှိုးဆန္ဒပြပွဲ

လားရှိုး၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၁
Violin Shayi(VOM)

မိုးရွာထဲလည်း လားရှိုး က ပြည်သူတွေ ကတော့ လားရှိုးမိုတယ်ရှေ့မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၉ နာရီမှ ၁၁ နာရီ အထိ စစ်အာဏာရှင် စနစ်ဆန့်ကျင်တဲ့ သပိတ်ဆင်နွှဲခဲ့ပါတယ်။

လားရှိုးမြို့ရဲ့ ၁၅ ရက်မြောက် အာဏာသိမ်း စစ်အစိုးရကို ဆန္ဒပြတဲ့နေ့ ဖြစ်ပြီး ” WE WANT DEMOCRACY (LASHIO) ဆိုတဲ့ စာသားတဲ့ အတူ ပြည်သူလူထုတွေက စစ်အာဏာရှင် စနစ်ကို အလိုမရှိ၊ မတရားဖမ်းဆီးထိန်းသိမ်းခံရသူများချက်ချင်းလွှတ်၊ ပြည်သူ့ အာဏာပြည်သူ့ ပြန်ပေး စတဲ့ ကြော်ကြော်သံများနှင့် အတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

လားရှိုးမြို့က လူငယ်ကျောင်းသားအများစုပါဝင်ပြီး ကချင်၊ ရှမ်း၊ ဗမာ၊ ဝ၊ တအာင်းပလောင် နှင့် အခြားတိုင်းရင်းသားများအပြင် မြန်မာပြည်ဖွား တရုတ်နှင့် မွတ်ဆလင်လူများများ၊ စစ်အာဏာရှင် စနစ် မလိုလားသူ မြို့ခံ ပြည်သူများ ရာချီ ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။

#voiceofmyanmar #VOM #လားရှိုး

မိုးထဲရေထဲလည်း ဇွဲမလျှော့တဲ့ လားရှိုးဆန္ဒပြပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW