ပုသိမ်မှာ ကျိန်စာတိုက်ပြီး ဆန္ဒပြ

ဖေဖော်ဝါရီ ၂၃-၂၀၂၁
AA

နစအကောင်စီကို ကျိန်စာတိုက်ပွဲတခု ဒီနေ့ ဖေဖော်ဝါရီ ၂၃ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ရေကြည်ဦးဘုရားရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

မူလက ရေကြည်ဦးဘုရားဝန်းအတွင်းမှာ ပြုလုပ်ဖို့စီစဉ်ခဲ့ပေမယ့် ဂေါပကအဖွဲ့က ဝင်ခွင့်မပေးတာကြောင့် ဘုရားရှေ့အဝင်ပေါက်မှာပဲ ပြုလုပ်ခဲ့ကြရပါတယ်။

နစအကောင်စီကို ကျိန်စာတိုက်ခဲ့တဲ့အပြင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အသက်ပေးခဲ့ရသူတွေအတွက် ဆုတောင်းပွဲကိုပါ ပြုလုပ်ခဲ့ကြပါတယ်။

#VoiceOfMyanmar #VOM #ပုသိမ် #ကျိန်စာတိုက် #ရေကြည်ဦးဘုရားရှေ့

ပုသိမ်မှာ ကျိန်စာတိုက်ပြီး ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW