ဖမ်းဆီးခံခေါင်းဆောင်တွေပြန်လွတ်မှ လုပ်ငန်းခွင်ပြန်ဝင်မယ်လို့ CDM တိုက်နယ်ဆရာဝန်တွေထုတ်ပြန်

ဖေဖော်ဝါရီ ၂၄-၂၀၂၁

ကောင်းလက်ျာ(VOM)

 

၂၀၂၀ ခုနှစ် ‌ေရွးကောက်ပွဲ အနိုင်ရပါတ‌ီခေါင်းဆောင် နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နဲ့   အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာမှသာလျှင် လုပ်ငန်းခွင်ကိုပြန်လည်ဝင်ရောက်တော့မယ်လို့ CDM လုပ်နေတဲ့  တိုက်နယ်ဆရာဝန်တွေက ဒီနေ့ ရက်စွဲနဲ့ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

 

တစ်နိုင်ငံလုံးမှာရှိနေတဲ့တိုက်နယ်ဆရာဝန်တွေဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလာဒ်ကို သဘောတူထောက်ခံထားပြီး ဖေ‌ေဖာ်ဝါရီ ၁ ရက်နေ့က နိုင်ငံ တော်သမ္မတကြီး ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အတင်းအကျပ် ဖမ်းဆီးပြီး နိုင်ငံတော် အာဏာကို စစ်အာဏာရှင် (တပ်မတော်)က မတရားရယူသွားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

 

“အဓိကပြောရမယ်ဆိုရင် အာဏာရှင်စနစ် လက်အောက်  တာဝန်ဆက်လက်ထမ်း ဆောင်ခြင်းမပြုလိုလို့ပါ။ လက်ရှိမှာဘဲ သူတို့ဟာငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ကြမ်းတမ်းစွာဖမ်းဆီး အရေးယူတာ။ CDMလုပ်နေသူတွေကိုဖိအားပေးခြိမ်း ခြောက်နေပြီဖြစ်ပါတယ်။  ကျွန်တော်တို့က ဆက်လက်တိုက်ပွဲဝင်ဖိုဆုံးဖြတ်ထားပြီးဖြစ်ပါတယ်” လို့ ထန်းတပင်မြို့နယ် လှည်းလမ်းကူးတိုက်နယ်‌ ဆရာဝန်ဒေါက်တာနန္ဒအောင်ကပြောပါတယ်။

 

တိုက်နယ် ဆရာဝန်တွေဟာ  CDM ပြုလုပ်ပြီး  ပြည်သူလူထုနဲ့သွေးခွဲခြင်း၊ CDM လုပ်နေသူများကိုဖိအား ပေးခြင်းနဲ့ ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုအရေးယူ ဆောင်ရွက်နေခြင်းတွေကို မြင်တွေ့နေရခြင်းကြောင့်ပြည်သူက ရွေး‌ချယ်တင်မြှောက်ထားသောအစိုးရတစ်ရပ် ပြန်လည်တက် မလာမခြင်း CDM ကို တစ်စိုက်မတ်မတ်ပြုလုပ်သွားမယ်လို့ သတိပေးချက်ကို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

 

#voiceofmyanmar #VOM #တိုက်နယ်ဆရာဝန်တွေရဲ့ သဘောထား

 

Related posts

Leave a Comment

VOM News

FREE
VIEW