ကသာမှာ လုံခြုံရေးတွေချထားသော်လည်း ဆန္ဒဖော်ထုတ်ဆဲ

ကသာ၊ဖေဖော်ဝါရီ ၂၈ -၂၀၂၁
စပ်ခွန်သာ

ကသာမြို့မှာ ဖေဖော်ဝါရီလ(၂၈)ရက်နံနက်ပိုင်းက မိန်းလမ်းမကြီးပေါ် လုံခြုံရေးတွေ ချထားပေမယ့်လည်း အခြားလမ်းတွေကနေပတ်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ကသာမြို့ခံတွေဟာ အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို နည်းမျိုးစုံနဲ့ လုပ်နေကြတာမှာ ဒီနေ့(၂၁)ရက်မြောက်နေ့မှာ လမ်းမတော်လမ်းမကြီး KBZဘဏ်ရှေ့နေရာကို လုံခြုံရေးရဲတပ်ဖွဲ့တွေ နေရာယူထားတဲ့ အတွက် အဲဒီလမ်းမကြီးကို သပိတ်စစ်ကြောင်းမဖြတ်သန်းကြတော့ပဲ အခြားလမ်းတွေကနေ ဆန္ဒဖော်ထုတ်ခဲ့တာတွေ့ရပါတယ်။

“စတင်ဆန္ဒဖော်ထုတ်တဲ့နေ့ကစပြီး လုံခြုံရေး ချထားတာမရှိပေမယ့် ဒီနေ့တော့ KBZဘဏ်ရှေ့မှာ ရဲကားအသေးတစ်စီး၊ရဲတပ်ဖွဲ့ဝင်အပြည့်နဲ့ ကားတစ်စီးရယ်၊အချုပ်ကားတစ်စီးချထားတယ်။ပြီးတော့ သပိတ်စစ်ကြောင်းစထွက်နေတဲ့ အချိန်မှာ လမ်းကို သံဆူကြိုး နာရီဝတ်လောက်ကာထားပြီးမှပြန်သိမ်းလိုက်တယ်။ပြည်သူတွေက အဲဒီဘက် မထွက်ဘူး အခြားလမ်းကနေ ဆန္ဒထုတ်ဖော်တယ်။ဘာမှမဖြစ်ခဲ့ကြပါဘူး” လို့ ကသာ ဒေသခံတစ်ဦးကပြောပါတယ်။

ကသာမြို့ မဟာလေးထပ်ကျောင်းဝန်းအတွင်းမှာတော့
စစ်အာဏာရှင်ကျဆုံးရေးအတွက်ဆိုပြီး ပြည်သူ့အမိန့်နဲ့ ပြည်သူများက တိုင်တည်သစ္စာ အဓိဌါန်ပြုပြီး ကျိန်စာတိုက်ပွဲ ကျင်းပခဲ့ပြီးနောက်မှာတော့ လမ်းလျောက်လှည့်လည်ဆန္ဒ ထုတ်ဖော်ခြင်းကို စတင်ခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar #vom #ကသာ

Related posts

Leave a Comment

VOM News

FREE
VIEW