ဖေဖော်ဝါရီ ၁၄-၂၀၂၁ #VoiceOfMyanmar #VOM #ဆန္ဒပြ #မတ္တရာ
Read MoreMonth: February 2021
နေပြည်တော် သပြေကုန်းအဝိုင်းနား လက်ရှိအခြေအနေ
ကိုထွန်း(VOM) #voiceofmyanmar #vom #နေပြည်တော်
Read Moreမုံရွာမြို့ရဲ့ ဝန်ထမ်းပေါင်းစုံပါဝင်တဲ့ သပိတ်စစ်ကြောင်း
ဖေဖော်ဝါရီ ၁၄-၂၀၂၁ ကိုတိုးကြီး(VOM) အာဏာရှင်စနစ်ကျဆုံးရေး လူထုဆန္ဒပြလှုပ်ရှားမှု နဝမနေ့အဖြစ် ဒီနေ့ဖေဖော်ဝါရီ၁၄ရက်နေ့ မနက်၉နာရီက မုံရွာမြို့ပေါ်က ဈေးသူဈေးသားတွေနဲ့အတူ ပြည်သူလူထု ၁ သိန်းနဲ့ ပင်မသပိတ်စစ်ကြောင်းဟာ ဆင်ဖြူရာမ ပြသာဒ်ကျောင်းကနေ မြို့ထဲကို ချီတက်ခဲ့ကြပါတယ်။ အဲ့ဒီ သပိတ်စစ်ကြောင်းမှာ ပညာရေး၊ ကျန်းမာရေး၊ သစ်တောနဲ့ အခြားဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းတချို့လည်း လာရောက်ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #အာဏာရှင်စနစ်ကျဆုံးရေး #မုံရွာမြို့ #ဆန္ဒပြ
Read Moreပုသိမ်မြို့က အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ၈ ရက်မြောက်နေ့ မြင်ကွင်းများ
ဖေဖော်ဝါရီ ၁၄-၂၀၂၁ KA #VoiceOfMyanmar #VOM #အာဏာရှင်စနစ်ကျဆုံးရေး #ပုသိမ်မြို့ #ဆန္ဒပြ
Read Moreရန်ကုန် ဗြိတိသျှသံရုံးရှေ့ ထိုင်သပိတ်
ရန်ကုန်၊ဖေဖော်ဝါရီ ၁၄၊၂၀၂၁ အေးချမ်းသူ(VOM) ဒီမိုကရေစီအရေးလှုပ်ရှားသူတွေဟာ ဒီနေ့မနက်ပိုင်းက ကုန်သည်လမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်မှာရှိတဲ့ ဗြိတိသျှသံရုံးရှေ့မှာ ထိုင်သပိတ်ပြုလုပ်ပြီး ဆန္ဒပြနေပါတယ်။ #voiceofmyanmar #VOM #ရန်ကုန်ဗြိတိသျှသံရုံး
Read Moreရဲတပ်ဖွဲ့ဝင်တွေပါဝင်လာတဲ့ ထားဝယ်က န.စ.အ ကောင်စီ ဆန့်ကျင်ဆန္ဒပြပွဲ
ဖေဖော်ဝါရီ ၁၄-၂၀၂၁ Voice Of Myanmar ဒီနေ့ ဖေဖော်ဝါရီ ၁၄ရက်နေ့ ထားဝယ်ခရိုင်မှာလုပ်တဲ့ နစအကောင်စီကို ဆန့်ကျင်ဆန္ဒပြပွဲမှာ လူအင်အားသိန်းချီပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၆ဦးနဲ့ ယာဉ်ထိန်းရဲ ၁ ဦးပါ ပါဝင်လာတာကို တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #အာဏာရှင်စနစ်ကျဆုံးရေး #ထားဝယ်မြို့ #ဆန္ဒပြ #ရဲတွေပါဝင်
Read Moreအဆိပ်လို့ရေးထားတဲ့ဆေးဘူးတွေ ကိုင်လာသူ ၃ ဦးကို ရပ်ကွက်ကဖမ်းဆီး
ဖေဖော်ဝါရီ ၁၄ -၂၀၂၁ Voice Of Myanmar ရန်ကုန်မြို့၊ သင်္ဃန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက် ၁၀ လမ်းထိပ်မှာ မသင်္ကာသူ သံသယဖြစ်ဖွယ် လူ ၂ဦးကို မနေ့ ဖေဖော်ဝါရီ ၁၃ ရက် ည ၇ နာရီကျော်က ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း သံသယဖြစ်ဖွယ် နောက်တစ်ဦးကိုတော့ ည ၁၀ နာရီဝန်းကျင်မှာ ဖမ်းမိခဲ့တယ်လို့ ငမိုးရိပ်ရပ်ကွက် တာ၀န်ရှိသူကပြောပါတယ်။ လူ ၂ ဦးကိုတော့ ငမိုးရိပ်ရပ်ကွက်၊ ၁၀ လမ်း၊ အပိုင်း ၁၊ အမှတ် ၂၇ အိမ်အောက်လှေကားမှာဖမ်းမိတာဖြစ်ပြီး ကျန်တစ်ဦးကိုတော့ စံပြစျေး လူကူးခုံးကျော်တံတားပေါ်ကနေ ဖမ်းမိတာဖြစ်တယ်လို့ သိရပါတယ်။ “အခုသူတို့လက်ထဲက မိထားတဲ့ ဆေးပုလင်းက ဘာလဲဆိုတာ မသိရသေးဘူး ။ တစ်ခုခု လုပ်ထားရင်တော့ ၂၄ နာရီမှာ အဖြေပေါ်မှာပါ ။ ဝန်မခံဘူးဆိုရင်…
Read Moreအာဏာသိမ်းအစိုးရလို့ရေးတာဟာ သွေးထိုးလှုံ့ဆော်ပေးရာရောက်လို့ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီရေးဖို့ ပြန်ကြားရေးအကြောင်းကြား
မန္တလေး-ဖေဖေါ်ဝါရီ-၁၃-၂၀၂၁ Voice Of Myanmar နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်းအစိုးရလို့ ရေးတာဟာ ကျင့်ဝတ်ချိုးဖေါက်ရာရောက်လို့ ကျင့်ဝတ်နဲ့အညီရေးသားဖို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမြင့်ကျော်ရဲ့ လက်မှတ်နဲ့ သတင်းမီဒီယာတွေသိဖို့ မီဒီယာကောင်စီကို အကြောင်းကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ ဒုတိယအတွင်းဝန် ဦးမြင့်ကျော်ကို VOM က ဆက်သွယ်ပေမယ့် ဖုန်းကိုင်ဖြေဆိုပေးတာမရှိတာကြောင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်း(ဒီမင်း) ကို VOM ကဆက်သွယ်မေးမြန်းထားတာကို တင်ပြလိုက်ပါတယ်။ VOM- သတင်းမီဒီယာကောင်စီအနေနဲ့ရော သတင်းမီဒီယာတွေကို ကာကွယ်ဖို့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ကို ဘယ်လိုမျိုး တုံ့ပြန်သွားမလဲ။ ကိုကျော်စွာမင်း- အဲ့ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာမှမတုံ့ပြန်ရသေးပါဘူး။ အကြောင်းကြားစာလက်ခံရရှိထားတာပဲ ရှိပါသေးတယ်။ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် ကျနော်တို့ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ ကျနော်တို့ ကောင်စီဝင်တွေ မဆွေးနွေးရသေးပါဘူး။ VOM- သူတို့တားမြစ်သလို…
Read Moreဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံနိုင်ငံရေးသမားတွေ ခြွင်းချက်မရှိလွှတ်ပေးဖို့ ကုလလူ့အခွင့်အရေးကောင်စီ တောင်းဆို
ဂျီနီဗာ၊ ဖေဖော်ဝါရီ-၁၃-၂၀၂၁ မျိုးဆက် (VOM) မြန်မာနိုင်ငံမှ ဖေဖော်ဝါရီ ၁ ရက်ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုမှာ ဖမ်းဆီးခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦး၀င်းမြင့်အပါအ၀င် မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေကို ချွင်းချက်မရှိပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၂ ရက်မှာပြုလုပ်တဲ့ အထူးအစည်းအေ၀းမှာ ဒီလိုတောင်းဆိုလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေပြုဖို့အတွက် ဗြိတိန်နဲ့ အီးယူတို့ရဲ့ တင်ပြတဲ့ မူကြမ်းအပေါ် မဲမခြဲပဲ မူအားဖြင့်အတည်ပြုလက်ခံခဲ့ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ၊ ဘာသာရေးယုံကြည်ခွင့်နဲ့ ငြိမ်းချမ်းစွာစုေ၀း ဆန္ဒပြခွင့် စတဲ့အခွင့်အရေးတွေကို ချက်ချင်းကာကွယ်မှုပေးဖို့ မြန်မာစစ်တပ်နဲ့ အခြားလုံခြုံရေးတပ်ဖွဲ့၀င်တွေကို လူ့အခွင့်အရေးကောင်စီက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် အင်တာနက်ကန့်သတ်ချက်တွေ၊ ဆက်သွယ်ရေးနဲ့ လူမှုကွန်ရက်တွေအပေါ် ပိတ်ဆို့ထားတာတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ လြတ္လပ္စြာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးတွေကို နောက်ထပ်မချိုးဖောက်ဖို့ ဆုံးဖြတ်ချက်မှာ တိုက်တွန်းခဲ့ပါတယ်။ ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်တာမျိုးမဟုတ်ပေမယ့် ဘိုလီဗီးယား၊ တရုတ်၊ ဖိလစ်ပိုင်၊ ရုရှားနဲ့…
Read Moreရန်ကုန်လေဆိပ်မှာ လေယာဉ်ဆီဖြည့်ပေးမယ့် ဝန်ထမ်းနည်းလို့အခက်ခဲဖြစ်နေ
ရန်ကုန်-ဖေဖေါ်ဝါရီ ၁၂-၂၀၂၁ ထက်ခေါင်လင်း(VOM) စစ်တပ် အာဏာသိမ်းမှုကို ကန့်ကွက်သည့်အနေနဲ့ ရန်ကုန်လေဆိပ်က လေယာဥ်လုပ်သားတွေဟာ CDM ပူးပေါင်းနေသလို လေယာဉ်ဆီ ဖြည့်ပေးရတဲ့ ကုမ္ပဏီ Puma ဝန်ထမ်းတွေ အလုပ်မလုပ်တော့တာကြောင့် ရန်ကုန်လေဆိပ်မှာ စစ်တပ်သုံး လေယာဥ်တွေ ပျံသန်းရန် အခက်အခဲရှိနေကြောင်း Puma ဝန်ထမ်းတွေဆီက သိရပါတယ်။ Puma ကုမ္ပဏီဟာ ရန်ကုန်လေဆိပ်မှာ လေယာဥ်ဆီ တင်ပို့ခွင့်ရတဲ့ တခုတည်းသော ကုမ္ပဏီဖြစ်ပေမယ့် စစ်အစိုးရလက်ထက်ကတည်းက နိုင်ငံတော်နှင့် အစုရှယ်ယာ ပူးပေါင်းမှုအပြည့်အဝ ထည့်သွင်းထားခြင်းမရှိကြောင်း ၂၀၁၉ ခုနစ် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင်ပါရှိခဲ့ဘူးပါတယ်။ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက နိုင်ငံတော်ကို လုပ်ငန်းပြန်လည်အပ်နှံရန် အသိပေးခဲ့ပြီး တပ်မတော်က အာဏာသိမ်းယူလိုက်တဲ့အတွက် ဝန်ထမ်းတွေကို လစာပြည့် အနားပေးခဲ့ပါတယ်။ ခုအချိန်မှာ မင်္ဂလာဒုံ လေဆိပ်က တပ်မတော်သုံး လေယာဥ်တွေကို လောင်စာဆီဖြည့်ဖို့အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ကြီးဌာန…
Read More