ကျည်ထိမှန်သေဆုံးခဲ့တဲ့ ကိုဟိန်းထွဋ်အောင်ရဲ့ ရုပ်အလောင်းကို နေအိမ်ပြန်သယ်လာ

မတ် ၁-၂၀၂၁
ယဉ်ပပထွန်း(VOM)

ဖေဖော်ဝါရီ ၂၈ရက်နေ့ မနေ့က သင်္ဃန်းကျွန်း လေးထောင့်ကန်လမ်း ဘဝမြင့်မှတ်တိုင်နားမှာ ကျည်မှန်ပြီးသေဆုံးသွားတဲ့ ကိုဟိန်းထွဋ်အောင်ကို စံပြဆေးရုံကနေ တောင်ဒဂုံနေအိမ်ကို ဒီနေ့ မတ်လ ၁ရက်နေ့ နေ့လယ်ပိုင်းက ပြန်သယ်လာခဲ့ပါတယ်။

ပြန်သယ်လာတဲ့လမ်းတလျှောက် ကားကိုဖြည်းညင်းစွာ မောင်းနှင်ခဲ့ပြီး ဓာတ်ပုံရိုက်သူတွေကိုလည်း ခွင်ပြုပေးခဲ့တာ တွေ့ရပါတယ် ။
ဒီနေ့ နေ့လယ် ၂နာရီ ပတ်ဝန်းကျင်အထိ လေးထောင့်ကန်လမ်း စံပြဈေးမှတ်တိုင်ကနေ ဇဝနအထိ လမ်းတွေကိုပိတ်ဆို့ပြီး ထိုင်သပိတ် ဆန္ဒပြနေကြတာကိုလည်း တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့မှာ န.စ.အ ကောင်စီက အာဏာရယူပြီးနောက် ရန်ကုန်က ဆန္ဒပြပွဲတွေအတွင်း ရဲနဲ့ စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၅ဦးထိရှိနေပြီး တနိုင်ငံလုံးမှာတော့ ၂၀ဦးကျော်အထိ သေဆုံးခဲ့ပြီဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ကိုဟိန်းထွဋ်အောင် #ရုပ်အလောင်း #နေအိမ်ပြန်သယ်

Related posts

Leave a Comment

VOM News

FREE
VIEW