တောင်ငူဆေးရုံကြီး ပြန်ဖွင့်မယ့်သတင်းကြားလို့ ဝိုင်းလာတဲ့လူထုကို ရဲနဲ့စစ်တပ်က ဖြိုခွဲ

မတ် ၁-၂၀၂၁
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ခရိုင်အဆင့် ပြည်သူ့ဆေးရုံကြီးကို ဒီနေ့ မတ် ၁ရက်နေ့ မနက်ပိုင်းက ပြန်ဖွင့်မယ်ဆိုတဲ့သတင်းတွေကြောင့် ဆန္ဒပြလူအုပ်ကြီးက ဆေးရုံကို ပြန်ဝိုင်းလာရာမှာ ရဲနဲ့စစ်တပ်က ဖြိုခွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဆေးရုံကို သန့်ရှင်းရေးလုပ်နေတာမြင်လို့ လူအုပ်က ပြန်ဝိုင်းတာပါ။ သိပ်ပြီးမကြာဘူး ဆေးရုံထဲက တပ်အပြင် တပ်ကူတွေ၊ ရဲတွေ ရေကားတွေရောက်လာပြီး သိပ်မကြာဘူး၊ လူစုခွဲခံရတာပါ။ ထိခိုက်ဒဏ်ရာမရပေမယ့် အသံဗုံးတစ်လုံးဖောက်တယ်။ မကွဲဘူး” လို့ အခင်းဖြစ်နေရာရောက်နေသူ တစ်ဦးက ပြောပါတယ်။

တောင်ငူခရိုင် ဆေးရုံကြီးကို ရန်ကုန်-မန္တလေးလမ်းဘက်နဲ့ ကန်လမ်းဘက်ခြမ်းမှာ ဒေသခံ လူအုပ်စု ငါးရာကျော်ခန့်က ဝိုင်းဝန်းပိတ်ဆို့ပြီးနောက် မကြာခင် ရဲနဲ့တပ်အင်အားစုစုပေါင်း ၁၀၀ ခန့်က ကျားထိုးတက်ကာ လူစုခွဲခဲ့လို့ လူအုပ်စုဟာ နီးစပ်ရာနေရာတွေကို ဝင်ရောက်ပုန်း ခိုထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၈ရက်နေ့က စတင်ပြီး အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်နေသူတွေကို အကြမ်းဖက် ဖြိုခွဲခံခဲ့ရတဲ့အတွက် ဒီနေ့နံနက်မှာ ဆန္ဒပြလူအုပ်စု လျော့နည်းသွားပေမယ့် ဆေးရုံပြန်ဖွင့်တဲ့သတင်းကြောင့် ဆန္ဒပြပြီး သိပ်မကြာခင် လူအုပ်စုနဲ့ ပြန်ဝိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #တောင်ငူဆေးရုံကြီး #ပြန်ဖွင့်မယ့်သတင်းကြား #လူထုကဝိုင်း #ဖြိုခွဲ

Related posts

Leave a Comment

VOM News

FREE
VIEW