ပြည်တက္ကသိုလ်မှာ ရဲနဲ့စစ်တပ်က နေရာယူထား

မတ် ၁-၂၀၂၁
သိင်္ဂီထွန်း(VOM)

ပြည်တက္ကသိုလ်အတွင်း အပြင်ကို ဒီနေ့ မတ် ၁ရက်နေ့ မနက်အစောပိုင်းကတည်းက ရဲတပ်ဖွဲ့နဲ့စစ်တပ် အင်အားအများအပြားနဲ့ လုံခြုံရေးရယူပြီး စောင့်ကြပ်နေတယ်လို့ သိရပါတယ်။

ပြည်မြို့က တက္ကသိုလ်ကျောင်းသားသပိတ်စစ်ကြောင်းဟာ တက္ကသိုလ်ဝန်းထဲမှာ သပိတ်စစ်ကြောင်းစုစည်းပြီး စစ်ကြောင်းစတင်လေ့ရှိတာကြောင့် ရဲနဲ့စစ်တပ်က လာရောက်ပိတ်ဆို့တဲ့သဘောဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက တာဝန်ရှိသူ တစ်ဦးက “ရဲနဲ့စစ်တပ်က တက္ကသိုလ်ကိုတပ်စွဲထားပြီး Multipurpose Hallက ချိတ်ပိတ်ထားတဲ့ သော့တွေကို ဖျက်ဆီးသွားတယ်၊ လွှင့်ထူထားသောသမဂ္ဂခွပ်ဒေါင်းအလံကို ဆွဲဖြုတ်ယူဆောင်သွားတယ်။သမဂ္ဂရုံးခန်းကို ဝင်ရောက်ဖျက်ဆီးသွားပီး ဒိုင်းကာတွေပစ္စည်းတွေကို ယူဆောင်သွားတယ်လို့သိရတယ်။ ဒါကြောင့် ကျောင်းအုပ်ချုပ်ရေးတာဝန်ခံ ဒုပါမောက္ခချုပ် သွယ်လင်းကို ကို ဖုန်းဆက်မေးမြန်းကြည့်တော့ “ဝင်ခွင့်ပြုတယ် မပြုတယ်တော့မဟုတ်ပါဘူး သူတို့က အာဏာပိုင်လေ ကျွန်မဘယ်တတ်နိုင်ပါ့မလဲ ခွင့်မပြုရင် ကျွန်မကို ဖမ်းသွားမှာပေါ့” လို့ပြန်ပြောတယ်”လို့ ပြောပါတယ်။

ဒါပေမယ့် ဒီနေ့ မတ်လ ၁ ရက်နေ့မှာ ကျောင်းသားသပိတ်စစ်ကြောင်းက ခေတ္တအနားယူပြီး သပိတ်စစ်ကြောင်းနားထားတဲ့နေ့ဖြစ်ပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂၈ရက်နေ့က ပြည်တက္ကသိုလ်အရှေ့မှာ ဆန္ဒပြတဲ့ ပြည်သူလူထုကို ရဲတပ်ဖွဲ့နဲ့စစ်တပ်က အင်အားအများအပြားနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် လူ ၁၀ ဦးကျော်ဒဏ်ရာရခဲ့ပါတယ်။

#VoiceOfMyanmar #VOM #ပြည်တက္ကသိုလ် #ရဲနဲ့စစ်တပ် #နေရာယူ

Related posts

Leave a Comment

VOM News

FREE
VIEW