လားရှိုး ကချင်ခရစ်ယာန်ဘုရားကျောင်းကို ရဲအင်အား အလုံးအရင်းနဲ့ သေနတ်ဖောက် ဝင်စီး

မတ် ၁-၂၀၂၁
Shayi Violin(VOM)

လားရှိုးမြို့ ကချင်ခရစ်ယာန်ဘုရားကျောင်းကို ဒီနေ့ မတ်လ ၁ရက်နေ့ နေ့လယ်ပိုင်းက ရဲအင်အား အလုံးအရင်းနဲ့ဝင်စီးပြီး အသင်းထောက်ဆရာတွေ၊ သင်းအုပ်ဆရာတွေနဲ့ လူငယ်တွေ စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီမှာ ဆန္ဒပြလူစုထဲကို အသွင်ယူထားတဲ့ ရဲတပ်ကြပ်ကြီးကို ဆန္ဒပြလူငယ်တွေကဖမ်းဆီးပြီး အဲ့ဒီ ကချင်နှစ်ခြင်းအသင်းတော်ထဲ ခေါ်ဆောင်သွားတာကို မကျေနပ်လို့ ဘုရားကျောင်းကို ဝင်စီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘုရားကျောင်းတံခါးတွေကို ရိုက်ချိုးပြီး မျက်ရည်ယိုဗုံးတွေ ပစ်ထည့်ကာ သေနတ်တွေ ဖောက်ပြီး ဝင်စီးခဲ့တာဖြစ်တယ်လို့ အဲ့ဒီဘုရားကျောင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေ ဖမ်းဆီးထားတဲ့ ရဲတပ်ကြပ်ကြီးကို ပြန်လည်ခေါ်ဆောင်သွားတဲ့အပြင် သင်းအုပ်ဆရာတွေနဲ့ ကျမ်းစာသင်လူငယ်တွေကိုပါ ဆန္ဒပြသူတွေလို့ စွပ်စွဲပြီး ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

#VoiceOfMyanmar #VOM #လားရှိုးမြို့ #ကချင်ခရစ်ယာန်ဘုရားကျောင်း #ဝင်စီး

Related posts

Leave a Comment

VOM News

FREE
VIEW