CDM လုပ်နေတဲ့ ဒလသင်္ဘောကျင်း ဝန်းထမ်းတွေ ခြိမ်းခြောက်ခံနေရ

ဒလ- မတ် ၁-၂၀၂၁
မင်းဝဿန်(VOM)

CDM လုပ်နေတဲ့ ဒလသင်္ဘောကျင်း ဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းဖို့ မဆင်းရင် အရေးယူမှုတွေရှိလာမယ်ဆိုပြီး ခြိမ်းခြောက်ခံနေရတယ်လို့ CDM ဝန်ထမ်းတစ်ဦးကပြောပါတယ်။

“ညီငယ် ညီမ ငယ်တွေရဲ့သွေးမြေကျနေပြီ ဒီလိုအဖြစ်ဆိုးမျိုးတွေ ဆက်မဖြစ်စေချင်တော့ဘူး။ ဒါကြောင့်သူတို့ ဘယ်လောက်ပဲ၊ ဘာတွေနဲ့ပဲခြိမ်းခြောက်၊ခြိမ်းခြောက် ကျွန်မတို့ ပြည်တွေအတွက် CDM မှာ ပါဝင်မှာပါ။ CDM မလုပ်သူတွေက သူတို့သမိုင်းသူတို့ရေးတာပဲ လိပ်ပြာလုံလုံနေနိုင်ပါစေလို့ ဆုတောင်းပါတယ်”လို့ ဒလသင်္ဘောကျင်း ဝန်ထမ်းတဦးကပြောပါတယ်။

CDMမှာ ပါဝင်တဲ့ဝန်ထမ်းတွေကို ဒလသင်္ဘောကျင်းတာဝန်ရှိသူတွေက CDM လုပ်ကြောင်းအတင်းအဓ္ဓမလက်မှတ်ထိုးခိုင်နေမှုအပေါ် ကြောက်ရွံ့နေမှာမဟုတ်ဘဲ လက်မှတ်ထိုးပေးသွားမည်ဖြစ်ကြောင်း CDMတွင်ပါဝင်သူတွေက ပြောပါတယ်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်း ဝန်းထမ်းပေါင်း(၁၉၀)ကျော်ရှိတဲ့အထဲက ဝန်ထမ်း( ၆၀)ဟာ CDMလုပ် နေတဲ့ အပေါ်တာဝန်ရှိသူတွေက မတရားဥပဒေတွေနဲ့ ခြိမ်းခြောက်ခြင်းခံနေရခြင်းကြောင့် ဒလမြို့နယ်သူ၊မြို့နယ်သားတွေအနေနဲ့ ဝန်းရံပေးဖို့လည်း CDM အောင်မြင်ရေးကြိုးပမ်းသူများက တောင်းဆိုထားကြပါတယ်။

#voiceofmyanmar #VOM #ဒလသင်္ဘောကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW