ပြည်မှာ ဆန္ဒပြသူ၃ဦး ဖမ်းခံရပြီးနောက် ပျောက်ကြားပုံစံနဲ့ဆန္ဒဆက်ပြ

မတ် ၂-၂၀၂၁
TG(VOM)

ပြည်မြို့ အ.ထ.က ၁ ကျောင်းမှာ စုရပ်လုပ်နေတဲ့ ကျောင်းသားပြည်သူ သပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၂ရက် မနက်ပိုင်းမှာ ရဲနဲ့စစ်တပ်က ဖြိုခွဲခဲ့ပြီး ဖမ်းဆီးခံလိုက်ရသူ ၃ ဦးရှိတယ်လို့ ကနဦး သိရပါတယ်။

ဖြိုခွဲ၊ ဖမ်းဆီးခံလိုက်ရပြီးနောက် သပိတ်စစ်ကြောင်းစုစည်းပြီး ထပ်ဆန္ဒပြဖို့ လုပ်ခဲ့ပေမယ့် သပိတ်စစ်ကြောင်းလှည့်လည်ဖို့ မဖြစ်တာကြောင့် ပျောက်ကြားပုံစံနဲ့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

“ကျောင်းသားတွေစုနေတဲ့အချိန် ရဲကားတွေရောက်လာတယ်။ သူတို့လူစုခွဲတယ် လိုက်ရှာတယ်။ နောက်သူတို့ ကားပေါ်ပြန်တက်သွားတယ်၊ နောက်ဆိုင်ကယ်ပေါ်ကအမျိုးသမီးကိုဆွဲချတယ်”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပြပါတယ်။

ဒီနေ့မနက်ပိုင်း ဖမ်းဆီးခံလိုက်ရသူတွေရဲ့ အချက်အလက်တွေကို စုံစမ်းနေဆဲဖြစ်ပါတယ်။

လက်ရှိ ပြည်မြို့ထဲမှာတော့ အရပ်ဝတ်တွေနဲ့ စစ်ဆေးတာတွေ၊ စောင့်ကြည့်နေသူတွေကို တွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#VoiceOfMyanmar #VOM #ပြည် #ဆန္ဒပြသူ၃ဦး #ဖမ်းခံရ #ပျောက်ကြားပုံစံနဲ့ဆန္ဒဆက်ပြ

Related posts

Leave a Comment

VOM News

FREE
VIEW