စလင်းမြို့က ဆန္ဒပြပွဲ ဖြိုခွဲခံရပြီး ဆန္ဒပြသူတွေ ဖမ်းခံရ

မတ် ၃-၂၀၂၁
Voice Of Myanmar

မကွေးတိုင်း စလင်းမြို့မှာ ဒီနေ့ မတ်လ ၃ရက်နေ့မနက်ပိုင်းက အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲက ဖြိုခွဲပြီး ဆန္ဒပြသူအချို့ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မိန်းကလေး ၁ဦးနဲ့ ယောက်ျားလေး ၂ဦး ဖမ်းခံလိုက်ရပြီး ဖမ်းခံရသူတွေ ပြန်လွတ်ဖို့ ဒေသခံတွေက စလင်းမြို့မရဲစခန်းရှေ့မှာ စုဝေးတောင်းဆိုနေကြပါတယ်။

#VoiceOfMyanmar #VOM #စလင်းမြို့ #ဆန္ဒပြ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW