ပုသိမ်ထိုင်သပိတ်ကို ရဲတပ်ဖွဲ့က ဖြိုခွင်းဖမ်းဆီး

မတ် ၃-၂၀၂၁
KA

ဒီနေ့ မတ်လ ၃ရက်နေ့ မနက်ပိုင်းက ပုသိမ်မြို့ ကွမ်းခြံရပ်ကွက်ထိပ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ထိုင်သပိတ်ကို ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့တယ်လို့သိရပါတယ်။

ထိုင်သပိတ်ပြုလုပ်နေစဉ်မှာ ရဲတပ်ဖွဲ့အင်အားများစွာနဲ့ စစ်ကားတွေရောက်လာပြီး ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာပါ။
ဖြိုခွင်းမှုမှာ အမျိုးသားနဲ့ အမျိုးသမီး စုစုပေါင်း ၁၁ဦးကို ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။

#VoiceOfMyanmar #VOM #ပုသိမ်ထိုင်သပိတ် #ဖြိုခွင်းဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW