မုံရွာ ဆန္ဒပြ သပိတ်စစ်ကြောင်း အင်အားသုံးဖြိုခွဲခံရ ဒဏ်ရာရ သေဆုံးသူတွေရှိ

မုံရွာမတ် ၃ ၊ ၂၀၂၁
VOM

စစ်ကိုင်းတိုင်း မုံရွာမြို့ ပြည်ထောင်စုလမ်နဲ့ ဘုရားနီ လမ်းဆုံနေရာမှာ ဒီမနက် ၁၀ နာရီကစလို့ ပင်မ သပိတ် စစ်ကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ တို့ ထိပ်တိုက်ဆုံမိပြီး အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။

အဲ့ဒီ ဖြိုခွင်းမှုမှာ လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဆန္ဓပြတဲ့ဘက်က အလတ်တလော သတင်းအရ ဒဏ်ရာရ လူ ၇ ယောက်အနက် ၃ ဦးသေဆုံးသွားတယ်လို့ ဖြစ်စဉ်မှာရှိနေတဲ့ VOM သတင်းထောက်ရဲ့ ကနဦး သတင်းပေးပို့ချက်အရသိရပါတယ်။

သေဆုံးသူ ၂ယောက် ဆေးရုံကြီးအအေးတိုက်ကို ရောက်ရှိတာကိုတော့ အတည်ပြုနိုင်ပြီး ဒဏ်ရာရ လူစာရင်းကိုအတည်ပြုနိုင်ဖို့ VOM ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW