ရန်ကုန်က ရဲတပ်သားနှစ်ဦး CDM မှာ ပါဝင်လာ

မတ် ၃-၂၀၂၁
Voice Of Myanmar

အမှတ်(၉) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ လှိုင်သာယာက ရဲတပ်သား မျိုးမင်းထက် နဲ့ အမှတ်(၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ရွှေပြည်သာမှာ တာဝန်ကျနေတဲ့ ရဲတပ်သား အေးချမ်းအောင်တို့ဟာ စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့်ဆိုပြီး ရဲတပ်ဖွဲ့ကနေ နုတ်ထွက်ကာ CDM ပြုလုပ်ခဲ့ပါတယ်။

မနေ့ မတ်လ ၂ရက်နေ့ နေ့စွဲနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လိပ်မူပြီး နုတ်ထွက်ခွင့် တင်ပြခဲ့တာဖြစ်ပါတယ်။

ခုလို နုတ်ထွက်ရတာဟာ ရဲတပ်ဖွဲ့အပေါ်မှာ သစ္စာဖောက်တာမဟုတ်ဘဲ ပြည်သူလူထုနဲ့အတူ ပူးပေါင်းဖို့ CDM ပြုလုပ်ခြင်းသာဖြစ်တယ်လို့ နုတ်ထွက်စာမှာ ရေးထားတာကိုတွေ့ရပါတယ်။

အခုရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့ကနေ နုတ်ထွက်ပြီး CDM ပြုလုပ်တဲ့ ရဲအရာရှိနဲ့ တပ်သားတွေ များပြားလာတာကို တွေ့ရပါတယ်။

#VoiceOfMyanmar #VOM #ရဲတပ်သားနှစ်ဦး #CDMမှာပါဝင်လာ #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW