အင်းစိန်မှာ ဆန္ဒပြသူတွေကို ဒုတိယအကြိမ်ဖြိုခွင်းပြီး ဆယ်ဦးဖမ်းဆီးခံရ

ရန်ကုန်၊ မတ် ၃-၂၀၂၁
အေးချမ်းသူ(VOM)

အင်းစိန်ပေါက်တောဝလမ်းဆုံမှာ ထိုင်သပိတ်ပြုလုပ်ဆန္ဒပြနေသူတွေကို ဒီနေ့ မတ်လ ၃ရက်နေ့ နေ့လယ် ၁နာရီကျော်က ရဲတပ်ဖွဲ့က ဖြိုခွင်းပြီး ဆန္ဒပြသူဆယ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးဆီကနေ သိရပါတယ်။

ဒီနေ့ မနက်ပိုင်းက အင်းစိန်ဈေးရှေ့ ထိုင်သပိတ်ပြုလုပ်ဆန္ဒပြနေသူတွေကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းခဲ့တာကြောင့် ပေါက်တောဝလမ်းဆုံမှာ ဒုတိယအကြိမ်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးက “အင်းစိန်ဈေးရှေ့ကနေ အထိုင်သပိတ်ကို မနက်ကဖြိုတယ်။ လူထုက ပေါက်တောဝမီးပွိုင့်နားမှာ ခံစစ်လုပ်ပြီး ဆန္ဒဆက်ပြတယ်။ အဲ့ဒီခံစစ်ကိုထပ်ပြီး ပစ်ခတ်ပြီး ထွက်သွားတာ လူဆယ်ဦးလည်း ဖမ်းသွားတယ်”လို့ VOM ကို ပြောပါတယ်။

လက်ရှိအခြေအနေမှာ ဖမ်းဆီးခံရသူဆယ်ဦးရှိပြီး ရာဘာကျည်ထိမှန်သူတစ်ဦးရှိတယ်လို့ ပေါက်တောဝရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပြပါတယ်။

“သုံးနာရီမထိုးခင်လောက်ထပ်ပစ်တယ်။ ခံစစ်စည်းပွင့်သွားတော့ ပစ်ပြီးလို့ လူရှဲသွားတာနဲ့ ရွာမ၊ ပြည်တော်သာ ဘက်တက်သွားတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့မှာ တပ်မတော်က အာဏာရယူပြီးနောက် ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူ တထောင်နီးပါးနဲ့ သေဆုံးသူ ၃၀နီးပါးရှိနေပြီ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #အင်းစိန်ဆန္ဒပြပွဲ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW