အင်းစိန်ဈေးရှေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးထိုင်သပိတ် ဖြိုခွင်းခံရ

ရန်ကုန်၊ မတ် ၃-၂၀၂၁
အေးချမ်းသူ(VOM)

အင်းစိန်မြို့နယ် မီးရထားဂုံးကျော်တံတားအဆင်းမှာ ပြုလုပ်နေတဲ့ ထိုင်သပိတ် ဒီနေ့မတ်လ ၃ရက်နေ့ မနက်ပိုင်းက ဖြိုခွင်းခံခဲ့ရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ မီးရထားဂုံးကျော်တံတားထိပ်နဲ့ အင်းစိန်ဈေးရှေ့က ထိုင်သပိတ်နှစ်ခုကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးနဲ့ အသံဗုံးဆယ်လုံးခန့်ပစ်ခွဲပြီး လူစုခွဲခဲ့တာဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ပိန္ဒဲကုန်းရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

တပ်မတော်ကအာဏာရယူပြီးနောက် ရန်ကုန်မှာ ဖေဖော်ဝါရီ ၆ရက်နေ့မှ စတ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဆန္ဒပြနေတာ ဒီနေ့နဲ့ဆိုရင် ၂၅ ရက်တိုင်ခဲ့ပြီဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #အင်းစိန်ဈေး #ထိုင်သပိတ် #ဖြိုခွင်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW