ပစ်ခတ်ဖြိုခွင်းဖို့ လုံခြုံရေးတွေ ထူထပ်စွာ အသင့်ရှိနေတဲ့ကြားက မုံရွာ ဆန္ဒပြ သပိတ်စစ်ကြောင်း ချီတက်

မတ် ၄ ၊ ၂၀၂၁
Voice Of Myanmar

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ လူစု လူဝေးတွေကို ပစ်ခတ်ဖြိုခွင်းဖို့ လုံခြုံရေးတပ်တွေ မြို့နေရာအနှံ့ ထူထပ်စွာ အသင့်ရှိနေတဲ့ကြားက ဆန္ဒပြ သပိတ် စစ်ကြောင်းဟာ ဒီမနက် ၉ နာရီမှာ အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဆန္ဒပြတာတွေကို လမ်းမကြီးတွေပေါ်မှာ လုပ်ဆောင်နေတာ မြင်တွေ့ရပါတယ်။

မနေ့ မတ် ၃ ရက် မနက်ပိုင်းက မုံရွာမြို့ ထန်းတောရပ်ကွက် ပြည်ထောင်စုလမ်းနဲ့ ဘုရားနီ လမ်းဆုံနေရာမှာ လုံခြုံရေးတပ်ဖွဲ့က လူစု လူဝေးဖြိုခွင်းတဲ့အခါ သေနတ်ကျည်ဆံထိမှန် ဒဏ်ရာရလို့ ဆန္ဒပြသူ လူ ၉ ယောက်သေဆုံးခဲ့တယ်လို့ သတင်းရပြီးVOM က အတည်ပြုနိုင်တာ ၇ယောက်ပဲရှိပါသေးတယ်။

လက်ရှိအနေအထားမှာတော့ ထိပ်တိုက်မဖြစ်အောင်ရှောင်ကွင်းပြီး မနေ့က ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေရဲ့နာရေးကို ဝိုင်းကူဖို့ ဆန္ဒပြသူတွေက လူစုခွဲလိုက်ပြီလို့သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW