ပြည်မြို့က ဆန္ဒပြ သပိတ်ပစ်ခတ်ဖြိုခွဲခံရပေမယ့် လူထုက ထပ်မံဆန္ဒပြဖို့ လုပ်နေ

မတ် ၄-၂၀၂၁
VOM

ဒီနေ့ မတ်လ ၄ ရက်နေ့ ပြည်မြို့ကဆန္ဒပြမယ့် ကျောင်းသားသပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က လာရောက် ဖြိုခွဲခဲ့မှုမှာ ဖမ်းဆီးခံလိုက်ရသူတွေ ရှိခဲ့ပေမယ့် ကျောင်းသားနဲ့ ပြည်သူတွေက ဆန္ဒထပ်ပြဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီကနေ့မနက် ဆန္ဒပြမှုကို ပြည်မြို့၊ မြို့သစ်ထဲမှာစုရပ်လုပ်ကာ စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီစုရပ်ကိုပဲ စစ်တပ်နဲ့ရဲက ရောက်လာပြီး ဖြိုခွဲကာ လိုက်လံဖမ်းဆီးမှုတွေကိုပြုလုပ်ခဲ့တာဖြစ်ပြီး ဘယ်သူတွေ ဖမ်းခံရလဲဆိုတာတော့ မသိရသေးပါဘူး။

ဆန္ဒပြလူထုကို ဖြိုခွဲမှုမှာ စစ်တပ်နဲ့ရဲက ရာဘာကျည်နဲ့ လိုက်လံပစ်ခတ်မှုရှိခဲ့ပေမယ့် ဒဏ်ရာရသူ မရှိဘူးလို့သိရပါတယ်။

#VoiceOfMyanmar #VOM #ဆန္ဒပြသပိတ် #ဖြိုခွဲခံရ #ပြည်

Related posts

Leave a Comment

VOM News

FREE
VIEW