ပုသိမ်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ ပစ်ခတ်ဖြိုခွင်း

မတ် ၄-၂၀၂၁
KA

ဒီနေ့ မတ်လ ၄ရက်နေ့ ပုသိမ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပင်မစစ်ကြောင်း တဂေါင်းဘုရားလမ်းမကြီးအရောက်မှာ ရဲတပ်ဖွဲ့က နှစ်ဘက်ပိတ်ပြီး အသံဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူစုကွဲခဲ့ပါတယ်။

ဖြိုခွင်းမှုအတွင်း ဖမ်းဆီးခံရသူရှိမရှိနဲ့ ဒဏ်ရာရသူရှိမရှိဆိုတာတော့ မသိရှိရသေးပါဘူး။

ခုလက်ရှိမှာ ရဲတပ်ဖွဲ့နဲ့စစ်တပ်ကားတွေဟာ တဂေါင်းဘုရားလမ်းမကြီး တစ်လျှောက်ကို ပိတ်ဆို့တပ်စွဲထားပါတယ်။

ပုသိမ်မြို့မှာ ဆန္ဒပြနေတာ ဒီနေ့နဲ့ဆိုရင် ၂၆ရက်မြောက်ရှိပြီဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ပုသိမ် #ဆန္ဒပြသပိတ်စစ်ကြောင်း #၂၆ရက်မြောက်

Related posts

Leave a Comment

VOM News

FREE
VIEW