ဦးကျော်သူဦးဆောင်တဲ့ နာရေးအသင်းကို ညအချိန် စစ်သားတွေက ဝင်ရောက်ရိုက်နှက် ပစ္စည်းတွေသိမ်းဆည်းသွား

ရန်ကုန်-မတ် ၄-၂၀၂၁

 

မတ်လ ၃ ရက် ည ၁၁နာရီခွဲအချိန်က စစ်ကား ၃စီးနဲ့ လာတဲ့စစ်သားတွေဟာ  ရန်ကုန် မြောက်ဒဂုံမှာရှိတဲ့ နာရေးကူညီမှုအသင်းကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲလိုဝင်တဲ့အချိန်မှာ အစောင့်ဝန်ထမ်း ၂ယောက်ရဲ့ခေါင်းကိုရိုက်ပြီး တံခါးတွေကိုဖျက် စာရင်းဇယားစာအုပ်တွေကို အတင်းအဓမ္မ ယူဆောင်သွားတယ်လို့ ဖြစ်စဉ်မှာရှိနေတဲ့ နာရေးကူညီမှုအသင်းဝန်ထမ်းတွေဆီက သိရပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြစ်စဉ်မှာရှိနေတဲ့ နာရေးကူညီမှုအသင်းရဲ့ ဝန်ထမ်းတယောက်ကို ဆက်သွယ်မေးကြည့်တော့

 

“ညက ၁၁နာရီခွဲမှာ အင်အားကအတိကျမရေလိုက်နိုင်ဘူး  စစ်ကားသုံးစီးနဲ့လာတယ်  ရဲမပါဘူး စစ်သားတွေချည်းဘဲ၊ ဘာလုပ်တယ်ဘာညာမေးတာမဟုတ်ဘူး မင်းတို့ကိုဘာမှမလုပ်ဘူး ငါတို့ရှာစရာရှာမယ်ပြောတယ် စကားကိုကောင်းကောင်းမပြောဘူး သေနတ်ဒင်တွေနဲ့ အကုန်ထုဖျက်ပြီး သူတို့လိုချင်တာအကုန်ယူသွားတယ်ဆရာ”

 

“သေနတ်တွေက ပစ်တာအချက်ပေါင်းမနည်းဘူး ခြောက်လှန်ပစ်တာ ကူညီသူတွေမလာရဲအောင် အကုန်ခြောက်လှန့်ပစ်တာ မနေ့ညက ပတ်ဝန်းကျင် ပြည်သူလူထုကလာပြီးတော့ ရပ်ကွက်နေပြည်သူတွေလာတာကို သေနတ်တွေနဲ့ ပြန်ပစ်လွှတ်တာဆရာ”

 

“ အမှုဆောင်ရုံးခန်းတွေကို မှန်တွေရိုက်ခွဲပြီး သူတို့လိုချင်တာအကုန်ယူသွားတာဆရာ

ရုံးကစာရွက်စာတမ်းတွေ၊  CCTVမှတ်တမ်းတွေ၊ နေ့စဉ်မှတ်တမ်းတွေ၊ လူစာရင်းတွေ၊ လူနာတင်ကားစာရင်းတွေ၊ အကုန်လုံး ယူသွားပြီး CCTV တွေလည်းရိုက်ခွဲသွားတယ်၊ ဦးမောင်နေတဲ့အခန်းကိုမှန်တွေရိုက်ခွဲပြီးမွှေသွားတယ်၊ ဘုရားခန်းကိုတောင်မချန်ဘူး အကုန်ဖျက်စီးသွားပါတယ်။”

 

“ ဖမ်းသွားတာတော့မရှိဘူး၊ လူတွေကိုနိပ်စက်သွားတာ ခေါင်းကွဲတာရှိတယ် နိပ်စက်ပြီးပြန်သွားတာ၊ ညဘက်ကြတော့အစောင့်တွေနဲ့ ဘော်လန်တီယာတွေရှိတယ် ကျန်တဲ့သူတွေက နေရာခွဲပြီးရှောင်နေရတာလေ ကြည့်နေမြင်နေရတော့ အတော်ခံဗျင်းတယ်ဆရာ ကူညီနိုင်တာ ကူညီပေးကြပါ”

 

လို မြောက်ဒဂုံနာမှုကူညီရေးအသင်းဝန်ထမ်းတယောက်က ပြောထားတာပါ။ ဦးကျော်သူရဲ့ဖုန်းကိုတော့ ခေါ်ဆိုလို့မရသေးတဲ့အတွက် သူတို့အသင်းအနေနဲ့ ဘာဆက်လုပ်မယ်ဆိုတာ မသိရသေးပါဘူး။

 

ရပ်ကွက်နေပြည်သူတွေကတော့ နောက်ထပ်စစ်ကားတွေမလာနိုင်အောင် လမ်းတွေကိုပိတ်ဆို့ထားပြီး လုံခြုံရေးယူပေးနေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #VOM #မြောက်ဒဂုံ #ကျော်သူ #နာမှုကူညီရေးအသင်း

 

 

Related posts

Leave a Comment

VOM News

FREE
VIEW