ကလေးမြို့မှ သေနတ်မှန် ကျဆုံးခဲ့တဲ့ မောင်ဇင်မျိုးမောင်ရဲ့ ဈာပန ပြည်သူ သိန်းချီ ပို့ဆောင်

ကလေး-မတ်၅-၂၀၂၁
သိမ်မွေ့ကဗျာ

ကလေးမြို့မှာ မတ်လ ၂ ရက်နေ့က ဆန္ဒပြပြည်သူလူထုကို ပစ်ခတ်ဖြိုခွင်းတဲ့ဖြစ်စဉ်မှာ ကျည်နှစ်ချက်ထိမှန် သေဆုံးသွားခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် မောင်ဇင်မျိုးမောင်ရဲ့ ရုပ်ကလာပ်ကို ဒီနေ့ညနေပိုင်းက ဈာပနပြုလုပ်တာမှာ ကလေးမြို့နယ် ပြည်သူလူထုတစ်သိန်းကျော်က လိုက်ပါပို့ဆောင်ကြပါတယ်။

မောင်ဇင်မျိုးမောင်အတွက် စက်မှုသုဿန်မှာ တရားနာခဲ့ကြပြီး လူမှုကူညီရေးအသင်းယာဉ်တွေက တစ်မိနစ်တာ ဥဩဆွဲခဲ့သလို ပြည်သူလူထုက လက်သုံးချောင်ထောင် တစ်မိနစ်တာ ငြိမ်သက်အလေးပြုခဲ့ကြပါတယ်။

မောင်ဇင်မျိုးမောင်ရဲ့ ရုပ်ကလာပ်ကို စက်မှုသုဿန်မှာပဲ ဂူသွင်းခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကလေး #ဇင်မျိုးမောင်

Related posts

Leave a Comment

VOM News

FREE
VIEW