မူဆယ်မှာ CDM ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ အပြန်လှန်ဆန္ဒပြနေ

မူဆယ်-မတ် ၅၊ ၂၀၂၁

Violin Shayi

 

မြန်မာ – တရုတ် နယ်စပ်မြို့တော်ဖြစ်တဲ့ မူဆယ်မြို့မှာ CDM လှုပ်ရှားမှုကို ကန့်ကွက်တဲ့ လူတစ်စုက မူဆယ်ဆေးရုံရှေ့ မှာ မတ်လ ၄ ရက်ညနေ ၅နာရီဝန်းကျင်က မူဆယ် ဆေးရုံ အမြန်ပြန်ဖွင့်ပေးရန်၊ ပြည်သူ လူထု မျက်နှာထောက်ပါရန်၊  CDM လှုပ်ရှားမှုချက်ချင်းရပ်ရန်” စတဲ့ တောင်းဆိုချက်တွေနဲ့ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

 

အဲဒီလို ဆန္ဒဖော်ထုတ်နေချိန် CDM လှုပ်ရှားသူပြည်သူတွေက သံပုံးတီး တန်ပြန် ဆန္ဒပြ ထုတ်ခဲ့ကြရာမှာ ရဲတွေရောက်လာလို့ ၂ဘက်လုံး လူစု ခွဲခဲ့ကြပါတယ်။

 

အာဏာသိမ်းပြီးနောက် မူဆယ်မြို့က ကျန်းမာရေး ဝန်ထမ်းတွေ က CDM မှာပါဝင်နေတာကြောင့် ဆေးရုံပိတ်ထားရတာဖြစ်ပြီးလူနာတွေကို ကျန်းအာရေးဝန်ထမ်းတွေရဲ့ နေအိမ်နဲ့ ဆေးခန်းတွေမှာ လာရောက်ကုသမှုခံယူနိုင်ကြောင်း အသိပေး ကြေငြာထားကြပါတယ်။

 

#voiceofmyanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW