တပ်မဟာ ၅ နယ်မြေက ဆန္ဒပြပွဲ KNU လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူပေး

မတ် ၅-၂၀၂၁
ခွန်ခမ့်သူ(VOM)

စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ကရင်အမျိုးသားအစည်းအရုံး၊ ကေအဲန်ယူ တပ်မဟာ ၅၊ ဖာပွန်(မူတြော်)ခရိုင်က တိုင်းရင်းသားဒေသခံတွေပါဝင်တဲ့ အင်အား သိန်းချီတဲ့ သပိတ်စစ်ကြောင်းဟာ စစ်ကြောင်း ၂ ကြောင်းခွဲကာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နဲ့၊ ကမမောင်းမြို့တွေမှာ ဒီနေ့ မတ်လ ၅ရက်နေ့က ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပွဲကို တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘူးသိုမြိုနယ်နဲ့ ဒွယ်လိုးမြို့နယ်အတွင်းက ဒေသခံတိုင်းရင်းသားတွေက ဝှေ့မှုံကျေးရွာသပိတ်စစ်ကြောင်းက ဖာပွန်မြို့နဲ့ ဝါးသိုးခိုကျေးရွာသပိတ်စစ်ကြောင်းက မြို့ခံပြည်သူနဲ့ ကမမောင်းမြို့တွင်းမှာ ချီတက် ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြရာမှာ ဗမာ့လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ဗမာ့တပ်မတော်နဲ့ ပူးပေါင်း မပါဝင်ရေး၊ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေနဲ့ ဆန္ဒပြပြည်သူတွေကို ပြန်လွတ်ပေးရေးစတဲ့ အချက် ၇ ချက်ကို တောင်းဆိုကြွေးကြော်ခဲ့ကြပါတယ်။

ဆန္ဒပြသပိတ်စစ်ကြောင်း ချီတက်ရာ လမ်းကြောင်းတလျှောက် ဆန္ဒပြပြည်သူတွေ ငြိမ်းချမ်းစွာဆန္ဒပြနိုင်ဖို့အတွက် ကေအဲန်ယူ တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက အနီးကပ်လုံခြုံရေးနဲ့ လမ်းကြောင်းလုံခြုံရေး ယူပေးခဲ့ပါတယ်။

#VoiceOfMyanmar #VOM #တပ်မဟာ၅နယ်မြေ #ဆန္ဒပြပွဲ #လုံခြုံရေးယူပေး

Related posts

Leave a Comment

VOM News

FREE
VIEW