ရသေ့တောင်မှာ ပေါက်ကွဲမှုကြောင့် စစ်ရှောင် ကလေးနှစ်ဦး ဒဏ်ရာပြင်းထန်လို့ စစ်တွေပို့

စစ်တွေ-မတ် -၅-၂၀၂၁
ထက်အောင်စိုင်း (VOM)
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ မတ်လ ၄ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး လက်ပံပွင့် ကောက်နေတဲ့ အသက် (၁၀) နှစ်နဲ့ (၈) နှစ်အရွယ် စစ်ရှောင် ကလေး(၂) ဦး မိုင်းထိပြီး (၈) နှစ်အရွယ်ကလေးမှာ ဒဏ်ရာပြင်းလို့ စစ်တွေဆေးရုံသို့ ရောက်လာပါတယ်။
မိုင်းထိဒဏ်ရာရတဲ့ ကလေးတွေဟာ ပဲသဒူကျေးရွာ စစ်ဘေးရှောင်စခန်း က အသက် (၈) နှစ်အရွယ် မောင်ရဲထွန်းနဲ့ (၁၀) နှစ်အရွယ် မောင်လှထွန်းတို့ဖြစ်ကာ သူတို့ဟာ ညီအစ်ကိုအရင်းတွေဖြစ်ပြီး ရခိုင်မျိုးနွယ်စု၊ မြိုလူမျိုး တွေဖြစ်ကြောင်း သိရပါတယ်။
မိုင်းပေါက်ကွဲမှုဖြစ်စဥ်ဟာ ရွာနဲ့ ၁ မိုင်အကွာရှိ တောစပ်နားမှာ ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ကလေးတွေရဲ့ ခန္ဓာကိုယ်အနံ့မှာ မိုင်းစထိမှန် ဒဏ်ရာတွေရရှိပြီး ဒဏ်ရာရရှိတဲ့ကလေးတွေဟာ ဗောထီးကိုင်း ကျေးရွာကနေ ရသေ့တောင်မြို့နယ်၊ ပဲသဒူကျေးရွာ စစ်ဘေးရှောင်စခန်းက စစ်ရှောင်ကလေးငယ်တွေဖြစ်ကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ နှစ်တွေက တပ်မတော်နဲ့ အေအေတို့ရဲ့ ပြည်တွင်းစစ်ရေးပဋိပက္ခတွေ​ဖြစ်အဲပွားခဲ့တဲ့ နယ်မြေဖြစ်ပြီး အခုလိုမျိုး ပေါက်ကွဲမှုဖြစ်စဥ်အတွင်း ကလေးတွေ ဒဏ်ရာရရှိတဲ့အပေါ် ဝမ်းနည်း​ရကြောင်းနဲ့ သက်ဆိုင်ရာလူကြီးတွေအနေနဲ့ မိုင်းနဲ့ စစ်ကျန်လက်နက်တွေကို ရှင်းပေးဖို့ တောင်းဆိုလိုကြောင်း ဒဏ်ရာရ ကလေးတွေရဲ့ ဦးလေးဖြစ်သူ ဦးမောင်ဝင်းရီက ဆိုပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW