တောင်ငူမြို့သပိတ်စစ်ကြောင်း လုံခြုံရေးနဲ့ထိပ်‌တိုက်တွေ့ပေမယ့် ဒေသခံတွေအကူညီနဲ့ သပိတ်စစ်ကြောင်း ဆက်ထွက်ခဲ့

‌မတ် ၆-၂၀၂၁
ကောင်းလက်ျာ(VOM)

အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် တစ်လနီးပါးကြာ တိုက်ပွဲဝင်နေခဲ့တဲ့ တောင်ငူမြို့လူထုသပိတ်စစ်ကြောင်းကို ဒီနေ့ မတ်လ ၆ ရက်နေ့ မနက် ၁၀ နာရီခွဲလောက် မှာ ရဲနဲ့စစ်သားတွေက ရေကားကြီးတွေနဲ့ ပိတ်ဆို့လူခွဲဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒေသခံတွေက ပိတ်ဆို့ကူညီ‌ပေးခဲ့တာ‌ကြောင့် သပိတ်စစ်ကြောင်းတွေ ဆက်လက်ထွက်ခွာနိုင်ခဲ့ပါတယ်။

“ဘုရားလမ်းဗလီနားမှာ ရဲနဲ့တပ်က ပိတ်ဆို့တယ်။ ကနဦး ဒိုင်းကိုင်လူငယ်တွေနဲ့ပိတ်ဆို့ပြီး ကန်လမ်းဘက်ကတက်လာတဲ့ စစ်ကြောင်းကို ဆန့်ကျင်ဘက်လမ်းချိုး‌‌ကွေ့ပြီး ၅ လမ်းကနေ မူလစုရပ်ပြန်ဖောက်ထွက်ခဲ့ရတယ်။ သပိတ်စစ်ကြောင်းနောက်က ဖိဖို့ကြိုးစားတဲ့ တပ်နဲ့ရဲကိုဒေသခံတွေက ဆိုင်ကယ်တွေနဲ့ ပိတ်ဆို့ပေးခဲ့တယ်” လို့ ဆန္ဒပြ ကျောင်း သားတစ်ဦးက ပြောပါတယ်။

တောင်ငူမြို့ခံ သပိတ်စစ်ကြောင်းတွေဟာ အရင်ရက်တွေက နေ့စဉ် လူဦးရေသိန်းနဲ့ချီ စုဝေးချီတက်ဆန္ဒပြခဲ့ကြပေမယ့် မတ်လ ၂ ရက်နေ့က စတင်ပြီး တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ လူစုခွဲ ဖို့ကြိုးပမ်းလာ‌တာကြောင့် ယခုရက်ပိုင်းမှာ ဆန္ဒပြလူဦးရေ သောင်းဂဏန်းခန့်သာရှိတော့တယ်လို့ သိရပါတယ်။

တောင်ငူမှာ လက်တစ်လော အချိန်ထိ ပစ်ခတ်ရိုက်နှက်ဖမ်းဆီးလူစုခွဲတာမျိုး ပြုလုပ်ခြင်း မရှိသေးတဲ့အပြင် သပိတ်ဦးဆောင်သူ လူငယ် အများစုဟာ ထိပ်တိုက်တွေ့ဆုံခြင်း နည်းလမ်းထက် နေ့စဉ် တစ်ကြိမ်မှ နှစ်ကြိမ်အထိ ဆန္ဒပြခွင့်နဲ့ သပိတ်စစ်ကြောင်းမှာ လူထုလူတန်းစားပေါင်းစုံ ပါဝင်လာဖို့သာ မျှော်‌လင့်‌ကြိုးပမ်းနေတယ်လို့သိရပါတယ်။

#VoiceOfMyanmar #VOM #တောင်ငူမြို့သပိတ်စစ်ကြောင်း #ထိပ်‌တိုက်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW