ရွှေပြည်သာ ထန်းခြောက်ပင် လူထုသပိတ် ဖြိုခွဲခံရ၊စစ်တပ်နဲ့ရဲက တပ်စွဲထားဆဲ

မတ် ၆၊ ၂၀၂၁
TG (VOM)

မတ်လ ၆ ရက်နေ့ ရွှေပြည်သာ ထန်းခြောက်ပင်က ဆန္ဒပြလူထုကို ရဲ နဲ့စစ်တပ်က ဖယ်ရှားပြီး ပစ်ခတ် ဖြိုခွဲခဲ့တာကြောင့် ဖမ်းဆီးခံရသူ တဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

ဆန္ဒပြလူထုရဲ့ ခံတပ်ဖြိုခံလိုက်ရပြီးနောက် လူထုက လူစုခွဲပြီး ရပ်ကွက်တွေထဲကို ရှောင်နေတာကြောင့် ရဲနဲ့စစ်တပ်က ထန်းခြောက်ပင်လမ်းဆုံ၊ ဘုရင့်နောင်လမ်းမကြီး၊ ဗိုလ်ချုပ်လမ်းမှာ တပ်စွဲပြီး စောင့်နေတာတွေ့ရတယ်လို့ဆိုပါတယ်။

“မနက်ပိုင်းလောက်က ခံတပ်ကို ဖြိုတယ်။ကား ၂၀ကျော်တယ်။ ဘုရင်နောင်လမ်းမကြီးဘက်မှာအင်အားများတယ်။ တစ်ယောက်ပါသွားတယ်။ လူတွေက ကွဲကုန်ပြီ။ ပြန်တဲ့လူတွေပြန်တယ်”လို့ ဆန္ဒပြသူတစ်ဦးကပြောပါတယ်။

သပိတ်ခံတပ်ကို ဘူဒိုဇာနဲ့ထိုးချဖြိုခဲ့တာဖြစ်ပြီးစစ်တပ်နဲ့ရဲကား အစီး ၂၀ လောက် ပါဝင်တယ် လို့သိရပါတယ်။

လက်ရှိမှာ ဆန္ဒပြလူထုက လုံခြုံရေးတွေ မရှိတဲ့ အခြားတနေရာမှာ သပိတ်ခံတပ်ကို ပြန်လည်တည်ဆောက်နေကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #vom #ရွှေပြည်သာ

Related posts

Leave a Comment

VOM News

FREE
VIEW