ကမ္ဘာအမွေအနှစ်စာရင်းဝင် ပုဂံက ဆန္ဒပြပွဲကို ရဲနဲ့စစ်တပ် ကျည်အစစ်သုံးပြီး ဖြိုခွဲ၂ ဦး ဒဏ်ရာရ

မတ် ၇-၂၀၂၁
VOM(TG)

ကမ္ဘာအမွေအနှစ် ရှေးဟောင်းဇုန် ပုဂံဒေသမှာ ဒီကနေ့ မတ်လ ၇ ရက်နေ့မနက်ပိုင်း ဆန္ဒပြမယ့် လူထုကို စစ်တပ်နဲ့ရဲက ကျည်အစစ်သုံးပြီး ပစ်ခတ်ဖြိုခွဲမှုတွေလုပ်ခဲ့တဲ့အပြင် လက်ရှိအချိန်ထိ ရပ်ကွက်တွေထဲကို လိုက်လံပစ်ခတ်မှုတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“လက်ရှိကိုပစ်နေတယ်။ ရပ်ကွက်တွေထဲအထိ။ ဒဏ်ရာရသူရှိတယ်။ ပါးထိတဲ့သူ၊လည်ပင်းထိသူလိုသိရတယ်” လို့ ပုဂံဒေသခံတစ်ဦးက ပြောပြပါတယ်။

ဒဏ်ရာရရှိသူဟာ အသက် ၂၀ ကျော် ကိုအောင်ဖြိုးဝင်းနဲ့ ၅၉နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပါတယ်။

မနက် ၉ နာရီခွဲကျော်လောက်မှာ စစ်တပ်နဲ့ရဲက ပုဂံဈေးကြီး အနီးလမ်းကြားကနေ စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျည်အစစ်၊ ရာဘာကျည် အချက် ၂၀ ကျော်ပစ်ဖောက်ကာ ဆန္ဒပြလူထုကို ဖြိုခွဲခဲ့တာဖြစ်ကြောင်း၊ ကျည်အစစ်ထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတချို့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြိုခွဲမှုမှာ ဖမ်းဆီးခံရသူ ၄ ဦးလောက် ရှိတယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ သူရိန်မင်း
#VoiceOfMyanmar #VOM #ပုဂံ #ဆန္ဒပြပွဲ #ကျည်အစစ်သုံး #ဖြိုခွဲ #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW