မရမ်းကုန်းသပိတ် ပစ်ခတ်ဖြိုခွင်းခံရလို့ နှစ်ဦးဒဏ်ရာရရှိပြီး ၆ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ မတ် ၇-၂၀၂၁
အေးချမ်းသူ(VOM)

မရမ်းကုန်းမြို့နယ် သမိုင်းအောက်ဗဟိုလမ်းမှာ ပြုလုပ်နေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဒီနေ့ မတ်လ ၇ရက်နေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့က ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့လို့ နှစ်ဦးဒဏ်ရာရရှိပြီး ၆ဦးဖမ်းဆီးခံခဲ့ရကြောင်း ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးကနေ သိရပါတယ်။

“တစ်နေ့ကလည်းပစ်တယ် ဒီနေ့လည်းပစ်တယ်။ အခုထွက်ပြေးနေရတယ်။ ရာဘာကျည်နှစ်ယောက်ထိတယ်လို့ပြောတယ်” လို့ ပြောပါတယ်

မရမ်းကုန်းမြို့နယ် အောက်ဗဟိုလမ်းမှာ ကာရံထားတဲ့ အတားအဆီးတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဘူဒိုဇာနဲ့ ထိုးကော်ဖျက်ဆီးပြီးနောက် ရာဘာကျည်တွေနဲ့ စတင်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီသပိတ်ကို မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်နဲ့ (၂)ရပ်ကွက် ပူးပေါင်းပြီးပြုလုပ်ခဲ့တာလို့ သိရပါတယ်။

#VoiceOfMyanmar #VOM #မရမ်းကုန်းမြို့နယ် #သပိတ် #ပစ်ခတ်ဖြိုခွင်း #ဖမ်းဆီး #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW