မုံရွာ တက္ကသိုလ်ထဲမှာ တပ်စွဲထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်မောင်းထုတ်

မတ် ၇ ၊ ၂၀၂၁
TG (VOM)

စစ်ကိုင်းတိုင်း မုံရွာမြို့ မုံရွာတက္ကသိုလ်ဝန်းထဲက အဆောင်ထဲမှာ ဘယ်အချိန်က ဝင်ရောက်တပ်စွဲထားမှန်း မသိရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဒီနေ့မနက် ၉ နာရီခွဲ အချိန်က လက်မခံနိုင်တဲ့ လူစုလူဝေးက ပြန်လည်မောင်းထုတ်ခဲ့ပါတယ်။

အဲ့ဒီ ရဲတပ်ဖွဲ့ဝင်တွေဟာ သူတို့တပ်စွဲထားတဲ့ အဆောင်ကနေ ပင်မဂိတ်တံခါးမကြီးအထိ ခြေလျင်ထွက်ခွာသွားခဲ့ပြီး ပင်မဂိတ်တံခါးကနေ အကြိုလာမယ့် ရဲကားတွေကို စောင့်ဆိုင်းနေကြပါတယ်။

တက္ကသိုလ် ဝန်ထမ်းတွေနဲ့ ကျောင်းသား ကျောင်းသူတွေက မလိုလားအပ်တဲ့ ပြသနာတွေ မဖြစ်ပေါ်စေရေးအတွက် အဲ့ဒီ ရဲတပ်ဖွဲ့ဝင်တွေကို အကြိုကားလာတဲ့အထိ ဝန်းရံ စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ KTG
#voiceofmyanmar #vom #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW