ပြည်မြို့ သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ဖြိုခွဲပြီး ဆန္ဒပြသူတွေကို အိမ်တွေထဲထိလိုက်ဖမ်း

မတ် ၈-၂၀၂၁
VOM

ဒီနေ့ မတ်လ ၈ရက်နေ့ မနက်ပိုင်းက ပြည်မြို့မှာ ပြုလုပ်တဲ့ သပိတ်စစ်ကြောင်းတွေကို စစ်တပ်နဲ့ရဲက ဖြိုခွဲခဲ့ပြီး လူ ၂၀ ကျော် ဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

“ဖမ်းခံရတာ နှစ်ဆယ်ကျော်တယ်၊ အိမ်ထဲဝင်ဆွဲတာက ၆ယောက်၊ ဈေးသူဈေးသားတွေ ကူပြောပေးတာတောင်မရဘူး။ ဆိုင်ကယ်နဲ့တိုက်မိလို့ လဲတာကိုလည်းဝင်ဖမ်းတာရှိတယ်။ ဆိုင်ကယ် ၁၅ စီးနဲ့ ကား ၁စီးပါသွားတယ်”လို့ ဆန္ဒပြပြည်သူတစ်ဦးက ပြောပါတယ်။

ဆန္ဒပြလူထုဟာ ခြေလျင်သပိတ်စစ်ကြောင်းတွေအသီးသီး ခွဲထွက်ပြီး ဆန္ဒပြခဲ့ပေမယ့် စစ်ကြောင်းအားလုံးကို မနက် ၁၀ နာရီလောက်မှာပဲ စစ်တပ်နဲ့ရဲက စတင်ပစ်ခတ်ကာ ဖြိုခွဲခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ရိုက်နှက်ခံထားရသူတွေလည်း ပါဝင်ပြီး အဲ့ဒီသူတွေကို လိုင်းကားတွေနဲ့ ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ပြည်မြို့ #သပိတ်စစ်ကြောင်း #ဖြိုခွဲ #ဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW