ဖျာပုံသပိတ် ဖြိုခွင်းမှု ၁ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရ

မတ်လ ၈-၂၀၂၁
KA

ဒီနေ့ မတ်လ ၈ရက်နေ့ နေ့လယ်က ဖျာပုံမြို့ သပိတ်စစ်ကြောင်းကိုဖြိုခွဲမှုမှာ ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ဖို့ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့လို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

ဖျာပုံမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ အောင်သပြေ(၄) လမ်းနေ မောင်သီဟဦး ဟာ ပစ်ခတ်မှုဖြစ်စဉ်မှာ ဝမ်းဗိုက်ကိုထိမှန်ပြီး သေဆုံးခဲ့တာပါ။

ဒီနေ့ ဖျာပုံသပိတ်စစ်ကြောင်းကို ဖြိုခွဲမှုမှာ ဖမ်းဆီးခံရသူတစ်ရာကျော်နဲ့ လက်ရှိအချိန်ထိ သေဆုံးသူတစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ ၆ ဦးရှိခဲ့ပါတယ်။

#VoiceOfMyanmar #VOM #ဖျာပုံ #သပိတ် #ဖြိုခွင်း #သေဆုံး #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW