တရုတ် နိုင်ငံမှာ ပြစ်ဒဏ်ကျပြီးတဲ့ မြန်မာနိုင်ငံသားတွေ လွှဲပြောင်းပေး

မူဆယ်-မတ်လ ၈၊ ၂၀၂၁
Shayi Violin(VOM)

တရုတ်နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြစ်ဒဏ်ကျခဲ့ပြီးတဲ့ မြန်မာနိုင်ငံသားတွေကို မတ်လ ၅ ရက် သောကြာနေ့ မနက်ပိုင်းက မြန်မာ တရုတ် နယ်စပ် အဝင်၊ အထွက် ဂိတ်ပေါက်ဖြစ်တဲ့ နန်းတော်ဂိတ်ပေါက် ကနေလွှဲပြောင်းယူခဲ့ပါတယ်။

ဒီနေ့ မတ်လ ၈ ရက်နေ့ မနက်ပိုင်းမှာ သူတို့ကို နေရပ် ဒေသ အသီးသီးဆီ ပြန်လည်ပို့ဆောင် နေပြီလို့ မူဆယ် တရုတ်ကျောင်း ကွာရန်တင်းစင်တာမှ ထောင်လွှဲ တာဝန်ခံ ဦးမန်းမျိုးမြင့်က ပြောပါတယ်။

အမျိုးသား ၅၄ ဦး၊ အမျိုးသမီး ၅၅ ဦးဖြစ်ပြီး စုစုပေါင်း ၁၀၉ ဦး ဖြစ်ကာ ရှမ်းပြည်နယ်မှ ၃၈ ဦးနှင့် အခြား ပြည်နယ်နှင့်တိုင်းများမှ ၇၁ ဦး ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဓားခုတ်မှု၊ ဆေးမှုနှင့် လဝက (ပတ်စ်ပို့)မှု တို့ဖြစ်ကြပြီး ပြည်ကြီး ထောင်ဘက်မှ နှစ်ကြီးသမား ၃ဦးပါဝင်ကာ ၁၈ နှစ်ထိ ပြစ်ဒဏ်ကျသူပါဝင်ပြီး ကျန်သူတွေက ကူမင်ထောင်အပါအဝင် ယူနန်ပြည်နယ်ရှိ ထောင်တွေက ဖြစ်ကြတယ်လို့ ရှင်းပြပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားချိန်မှစ၍ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံက အကျဉ်းသားတွေကို မူဆယ် နယ်စပ် နန်းတော်ဂိတ်ကနေ အပြန်အလှန် လွှဲပြောင်းပေးနေတာဖြစ်ပြီး တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံသား အကျဉ်းသားတွေကို အပတ်စဉ် သောကြာနေ့တိုင်း လွှဲပြောင်းယူနေတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #vom #တရုတ်မြန်မာနယ်စပ်

Related posts

Leave a Comment

VOM News

FREE
VIEW