လှိုင်သာယာမှာ FGWMအဖွဲ့က ထဘီတပ်ဦးအလံသပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြပြီး  အလုပ်ရပ်ဆိုင်းရေးကမ်ပိန်းမှာ လုပ်သားအားလုံးပါဝင်ရေး သမဂ္ဂ ၁၈ ဖွဲ့တိုက်တွန်း

ရန်ကုန်၊မတ် ၈၊၂၀၂၁

အေးချမ်းသူ+မင်းဝဿန်(VOM)

 

လှိုင်သာယာမြို့နယ်နယ်မှာ မြန်မာနိူင်ငံအ ထွေထွေအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (FGWM)က စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ရေးအတွက် ဒီနေ့နံနက်ပိုင်းက ထဘီတပ်ဦးအလံသပိတ်စစ်ကြောင်းနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

 

လှိုင်သာယာမြို့နယ်မှာ  စစ်အာရှင်ဆန့်ကျင်ရေးအတွက် ထိုင်သပိတ်တွေကို မီးခွက်စျေးနဲ့ တစ်ထိပ်အစရှိတဲ့ ကားမှတ်တိုင်တွေမှာလည်း လုပ်နေကြတာပါတယ်။

 

ပုဂ္ဂလိကလုပ်သားတွေ၊ စက်ရုံလုပ်သားတွေအနေနဲ့ မတ်လ ၈ ရက်က စတင်ပြီး  အလုပ်ရပ်ဆိုင်းရေးကမ်ပိန်းမှာ ပါဝင်လှုပ်ရှားဖို့အတွက် အလုပ်သမား သမဂ္ဂ ၁၈ ဖွဲ့က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

 

“မတ်လ ၈ ရက်မှာ တရားဝင်အစိုးရကတော့ CDM အတွက် အစိုးရဝန်ထမ်းတွေကိုပြောတာပေါ့။ အမတို့ကတော့ တနိုင်ငံလုံးမှာရှိတဲ့ ပုဂ္ဂလိကအလုပ်သမားအကုန်လုံးကိုအလုပ်ရပ်ကမ်ပိန်းလုပ်ဖို့ပြောတာပါ။ အလုပ်သမားတွေအားလုံးကိုတိုက်တွန်းတာပါ။ သမဂ္ဂအဖွဲ့ဝင်တွေရော ၊ မဝင်သူတွေရော အားလုံး စစ်အာဏာရှင်စနစ်ကိုဖီဆန်ဖို့ ဒီကမ်ပိန်းမှာ တက်တက်ကြွကြွပါဝင်ဖို့တိုက်တွန်းပါတယ်။”လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဦးဆောင်သူ မမိုးစန္ဒာမြင့်ကပြောပါတယ်။

 

မြန်မာနိုင်ငံမဟာမိတ်အလုပ်သမားအဖွဲ့အစည်းတွေဖြစ်တဲ့ သမဂ္ဂ ၁၈ ဖွဲ့က တိုက်တွန်းထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီအဖွဲ့တွေထဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ Action Labor Rights ၊ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) အစရှိတဲ့အဖွဲ့တွေပါဝင်ပါတယ်။

 

အလုပ်ရပ်ခြင်းဟာ တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုတစ်ခုဖြစ်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုတစ်ခုလည်းဖြစ်ကြောင်း အထက်ပါအဖွဲ့အစည်းတွေရဲ့ မတ်လ ၇ ရက် ထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။

 

မတ်လ ၇ ရက်နေ့မှာပဲ CRPH ရဲ့  အလုပ်သမားဝန်ကြီး ဒေါက်တာဇော်ဝေစိုး ကလည်း မတ်လ ၇ ရက်နေ့ နောက်ဆုံးထားပြီး CDMပြုလုပ်သူအရေအတွက်စာရင်းပေးပို့ဖို့နဲ့ CDM မလုပ်သူတွေအနေနဲ့ မတ် ၈ ရက်ကစပြီးရုံးတက်ရန်မလိုတော့ဘူးလို့ပြောဆိုထားပါတယ်။

 

#voiceofmyanmar #VOM #အလုပ်သမားသပိတ် #အလုပ်မဆင်းရေးကမ်ပိန်း

Related posts

Leave a Comment

VOM News

FREE
VIEW