ကျောက်ပန်းတောင်း လူထု သပိတ်စစ်ကြောင်းမထွက်ခင်မှာပဲ ဖြိုခွဲခံရပြီး လူ ၃ ဦးဖမ်းဆီးခံရ

မတ် ၉ -၂၀၂၁
VOM (TG)

ကျောက်ပန်းတောင်းမြို့မှာ ဒီကနေ့မနက်ပိုင်း ဆန္ဒပြလူထုသပိတ်စစ်ကြောင်း လူစုနေချိန်မှာပဲ စစ်တပ်နဲ့ရဲက သေနတ်ပစ်ဖောက်ဖြိုခွဲခဲ့ပြီး ဖမ်းဆီးခံရ ၃ ဦးလောက်ရှိနေတဲ့အပြင် လက်ရှိအချိန်ထိလည်း ပစ်ခတ်မှုတွေရှိနေတယ်လို့ ဆန္ဒပြပါဝင်သူတွေဆီကနေ သိရပါတယ်။

“သီရိမင်္ဂလာ ဓမ္မာရုံအနီး သပိတ်စစ်ကြောင်းမထွက်ခင် ဖြိုခွင်းခံရတယ်၊ လမ်းလျှောက်နေသူနှစ်ယောက် ရိုက်နှက်ဖမ်းခေါ်သွားတယ်၊နောက်တစ်ယောက်ထပ်ပါသွားတယ်၊ပေါင်း ၃ ယောက်ရှိနေတယ်၊သေနတ်အချက် ၄၀ လောက်ပစ်တယ်”လို့ ဆန္ဒပြ ပါဝင်သူတစ်ဦးကပြောပါတယ်။

ကျောက်ပန်းတောင်းမှာ လက်ရှိအချိန်ထိ ပစ်ခတ်မှုတွေရှိနေတဲ့အပြင် လမ်းထိပ်တွေမှာ စစ်သားတွေကစောင့်ကြပ်နေသလို ပန်းသီတာဥယာဉ်ရဲ့ အရှေ့ဘက်ခြမ်းမှာပါ စစ်တပ်နဲ့ ရဲတွေက ပိတ်ဆို့နေရာယူထားတာကြောင့် ဆန္ဒပြကျောင်းသားပြည်သူလူထု ပိတ်မိနေတဲ့အခြေအနေတွေရှိနေတယ်လို့သိရပါတယ်။

စစ်တပ်နဲ့ရဲ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုကြောင့် တင်ပါးကို ထိခိုက်ဒဏ်ရာရသူတစ်ဦးရှိထားတယ်လို့ လတ်တလောသတင်းတွေအရသိရပါတယ်။

#voiceofmyanmar #VOM #ကျောက်ပန်းတောင်း

Related posts

Leave a Comment

VOM News

FREE
VIEW