စမ်းချောင်း မနေ့ညစီးနင်းမှု လူနှစ်ဦးဒဏ်ရာရပြီး ၅၀ကျော် ဖမ်းဆီးခံရ

ရန်ကုန်၊ မတ် ၉-၂၀၂၁
အေးချမ်းသူ(VOM)

စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းနဲ့ ဗဟိုလမ်းမှာ ပိတ်မိနေတဲ့ ဆန္ဒပြသူတွေကို မနေ့ မတ်လ ၈ရက်နေ့ ညက ရဲတပ်ဖွဲ့နဲ့ စစ်တပ်က အိမ်တွေထဲထိ ဝင်ရောက်စီးနင်းခဲ့ရာ လူ ၅၀ကျော်ဖမ်းဆီးခံရပြီး ပစ်ခတ်မှုကြောင့် နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းတောလမ်းမှာ နေထိုင်သူတစ်ဦးဆီက သိရပါတယ်။
“ညက ပစ်ခတ်မှုကြောင့် နှစ်ဦးဒဏ်ရာရသွားတယ်။ ဧည့်စာရင်းစစ်မယ်ဆိုပြီး ဖမ်းတာ လွတ်တဲ့သူတွေလည်းရှိတယ်။ ဖမ်းသွားတာ လေးဆယ်ဝန်းကျင်လောက်ရှိတယ်” လို့ ပြောပါတယ်။

ရာနဲ့ချီပိတ်မိနေတဲ့ ပြည်သူတွေဟာ နီးစပ်ရာတိုက်ခန်းတွေမှာ အိပ်စက်ခဲ့ကြပြီး ဒီနေ့ မတ်လ ၉ရက်နေ့ မနက်ပိုင်းမှ ပြန်သွားတယ်လို့ ဆက်ပြောပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းတွေအရ ဖမ်းဆီးခံရသူတွေဟာ ကျောင်းသားတွေဖြစ်ပြီး ၅၇ ဦးလောက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေမှာ စမ်းချောင်းမြို့နယ်ကို လုံခြုံရေးတိုးမြှင့်ထားပြီး လမ်းအသီးသီးမှာ ရဲနဲ့စစ်တပ်က စောင့်ကြည့်နေကာ အချုပ်ကားတွေ ချထားတယ်လို့လည်း သိရပါတယ်။

#VoiceOfMyanmar #VOM #စမ်းချောင်း #စီးနင်းမှု #ဒဏ်ရာရ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW