ညောင်ဦး လူထုသပိတ် ဖြိုခွဲခံရပြီး လူငယ် တစ်ဦးဖမ်းဆီးခံရ

မတ် ၉-၂၀၂၁
TG(VOM)

ဒီနေ့ မတ်လ ၉ ရက်နေ့ မနက်ပိုင်းက ညောင်ဦးမြိုလူထုသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး လူငယ်တစ်ဦး ဖမ်းခံထားရတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတွေဆီက သိရပါတယ်။

“ညောင်ဦးတောင်ဘက် သပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး တစ်ဦးအဖမ်းခံရတယ်။ အခု လူစုခွဲပြီး ပြန်နေကြပြီ။ သေနတ်ဖောက်တယ်။ နောက်အသံဗုံး တစ်လုံးဖောက်တယ်။ တခြားနေရာတွေမှာ ပုန်းတဲ့သူတွေ ရှိနေဆဲပါ” လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီ ဖမ်းခံရသူကို သေနတ်နဲ့ ရိုက်နှက်ပြီး ခေါ်သွားကာ လက်ရှိအချိန်မှာ ရဲကား ၂ စီး၊ စစ်ကား ၂စီး၊ အချုပ်ကားတစီးအပြင် စစ်သားတွေက ရပ်ကွက်ထဲအထိ သွားလာနေတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ညောင်ဦးမြို့မှာ ဒီကနေ့မတ်လ ၉ ရက်နေ့မနက်ပိုင်းက သပိတ်စစ်ကြောင်းတွေကို စုရပ်ခွဲ လုပ်ဆောင်ခဲ့ပြီး တခြားသပိတ်စစ်ကြောင်းတချို့မှာလည်း ဖမ်းဆီးခံလိုက်ရသူ ရှိခဲ့တယ်လို့ သိရပေမယ့် VOM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

#VoiceOfMyanmar #VOM #ညောင်ဦး #ဖြိုခွဲ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW