နတ်တလင်းက လူထုသပိတ်စစ်ကြောင်း ကျည်အစစ်သုံးပြီး ဖြိုခွဲခံခဲ့ရ

မတ် ၉-၂၀၂၁
TG(VOM)

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က ဒီနေ့ မတ်လ ၉ရက်နေ့ မနက် ဆန္ဒပြပြည်သူသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ကျည်အစစ်သုံးပြီး ဖြိုခွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နတ်တလင်း ဒေသခံတစ်ဦးက “သပိတ်လမ်းကြောင်းက စထွက်ကာစကို နောက်ကနေပစ်တာ၊ စုစုပေါင်းဆို အချက်၃၀လောက် ရှိမလားပဲ။ ရာဘာကျည်တွေရော ပါသလို ကျည်အစစ်တွေလည်း ပါတယ်။ ပြီးတော့ လူ၅ဦးထက်ပိုလို့ဆိုပြီး ဆွဲကြသေးတယ်။ သူတို့အင်အား ၅၀ လောက်ရှိမယ်၊ သပိတ်ကွဲသွားလို့ ဝရုန်းသုန်းကားပြေးတဲ့သူတွေနောက်ကို အတင်းလိုက်ကြတယ်။ သူအစောကအထိတော့ လမ်းပေါ်မှာ သူတို့ပတ်နေတယ်”လို့ ပြောပါတယ်။

အဲ့ဒီ ဖြိုခွင်းခံရမှုမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနဲ့ ဖမ်းဆီးခံရသူ ရှိမရှိကိုတော့ အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #နတ်တလင်း #သပိတ်စစ်ကြောင်း #ဖြိုခွင်းခံရ

Related posts

VOM News

FREE
VIEW