မြင်းခြံ သပိတ်ဖြိုခွဲခံရပြီး အမျိုးသား ၂ ဦးကျည်ထိမှန် ဒဏ်ရာရ

မတ် ၁၀-၂၀၂၁
TG(VOM)

မြင်းခြံမြို့နယ်မှာ ဒီနေ့ မတ်လ ၁၀ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ဆန္ဒပြလူထုသပိတ်ကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် ကျည်ထိမှန် ဒဏ်ရာရသူ ၂ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

မျက်လုံးထိမှန်သူ KBZ ဘဏ်ဝန်ထမ်းကိုထူးထူး ကိုတော့ မန်းလေးမှာဆေးကုသဖို့ပို့ဆောင်နေတယ်လို့ သိရပါတယ်။

နောက်ထပ်ဒဏ်ရာရသူတဦးကတော့ အသက် ၄၅နှစ်အရွယ်ရှိတဲ့ ကိုမြင့်ထွန်းဆိုသူ ဖြစ်ပါတယ်။

“မနက် ၁၀ နာရီလောက်မှာ စပစ်တာပဲ။ မျက်လုံးတယောက်ထိမှန်တယ်။ ပေါင် တယောက်ထိတယ်၊ မျက်လုံးထိတဲ့ကလေးကို မန္တလေးသို့ လွဲပြောင်းရတယ်လို့ သိရတယ်။ အခြေအနေ မသိသေးဘူး။ ထိသူတွေကအမျိုးသားတွေချည်းပါ “လို့ မြင်းခြံဒေသခံ ဆန္ဒပြပြည်သူတစ်ဦးက ပြောပါတယ်။

မြင်းခြံဒေသခံလူထုဟာ မြို့ထဲလမ်းမကြီးတွေအစား ရပ်ကွက်တွေထဲမှာပဲ ဆန္ဒပြဖို့လုပ်ဆောင်နေမှုကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့ကလည်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ခဲ့လို့ ဆန္ဒပြသူတဦး သေနတ်ထိမှန် သေဆုံးခဲ့ပါသေးတယ်။
#VoiceOfMyanmar #VOM #မြင်းခြံ #သပိတ် #ဖြိုခွဲ #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW